Professional Authors

ခုန်ပေါက်နေသော….

ခုန်ပေါက်နေသော…

အကြောင်းအရာကတော့ တတိယတန်းစားတွေရဲ့ ရောဂါကို

ရည်ညွှန်းတယ်၊ လူတွေဟာ ထစ်ခနဲဆို ထိတ်လန့်နေတဲ့

မျက်နှာတွေနဲ့ စူးစိုက်ကြည့်နေကြတယ်။ ရုတ်တရတ် ဖြတ်

မောင်းသွားတဲ့ ရှုမျှော်ခင်းတွေက မီးလောင်သွားပြီးနောက်

လေဟာ ရွှေထက်တောင် ရှားပါးသွားတယ်၊ ဒိုင်းနမိုက်တွေ

ထမ်းပိုးလျှိုလာတဲ့ စိတ်ကူးအဆန်းများနဲ့ မိုက်မဲသူတွေကတော့

“လူသည်လွတ်လပ်ဧ။်” ဆိုပဲ ၊ အရှုံးနဲ့ နေသားတကျ ရှိသူတွေက

ကျန်နေခဲ့တဲ့ ဆောင်းရာသီ အကြောင်း ၊ လှမ်းခဲ့တဲ့ တောင်တန်းတွေ

အကြောင်း ကဖေးမှာ စာမြုံပြန်နေကြတယ်။ အနာဂတ်ကိုသွားတဲ့

လမ်းမှာ သစ်ပင်ပုပုတွေနဲ့ သူတို့ကို ”ကျွတ်ကျွတ်အိပ်”လို လူပြောများ

နေတဲ့ ပေါ်ပင်တစ်ခုလို ဆက်ဆံခံနေရတာကတော့ ချည်ပြီး/တုတ်ပြီး

ရေတွင်းထဲ ပစ်ချနေတဲ့ စာနာယောင်ဝါး မှုပဲ။ အလိုမအတူဘဲ အထီးကျန်

ဖြစ်ရသူ တွေ၊ အိုဗာအိုက်တင် ရုပ်ရှင်ဇာတ်ကားတွေ၊ လွတ်သွားတဲ့

ငါးကြီးကြီးတွေ ၊ စုတ်ချက် ကြမ်းကြမ်းနဲ့ခြစ်ထားတဲ့ စိတ်တိုင်းမကျတဲ့

နေ့တွေ ၊ လက်ပံပွင့် စူးစူးထဲမှာလိုမျိး မွေးဖွားခဲတဲ့ အရေးမကြီးဘူးလို့

မင့် ထင်ထားတဲ့သူတွေ ဒီကဗျာကို စီးနင်းပြီး မင့်ရင်ဘတ်အလွတ်ကြီးပေါ်

တက်ပီးခုန်ပေါက်နေပြီ။

(အညွှန်း – Poetry Life 2011

                Index OF FIRST LINE များ)

မောင်မြတ်သူ

In: ကဗျာ Posted By: Date: Apr 2, 2012
Comment #1

FLURF

commentinfo By: myatthuraaung at Apr 2, 2012
Comment #2

“လူသည်လွတ်လပ်ဧ။်” ဆိုပဲ ၊ အရှုံးနဲ့ နေသားတကျ ရှိသူတွေက

ကျန်နေခဲ့တဲ့ ဆောင်းရာသီ အကြောင်း ၊ လှမ်းခဲ့တဲ့ တောင်တန်းတွေ

အကြောင်း ကဖေးမှာ စာမြုံပြန်နေကြတယ်။ အနာဂတ်ကိုသွားတဲ့

လမ်းမှာ သစ်ပင်ပုပုတွေနဲ့ သူတို့ကို ”ကျွတ်ကျွတ်အိပ်”လို လူပြောများ

နေတဲ့ ပေါ်ပင်တစ်ခုလို ဆက်ဆံခံနေရတာကတော့ ချည်ပြီး/တုတ်ပြီး

ရေတွင်းထဲ ပစ်ချနေတဲ့ စာနာယောင်ဝါး မှုပဲ။
………………..
ကျွန်တော် ခံစား အားပေးသွားတယ်ဗျ….

commentinfo By: အသဲကွဲမိုး at Apr 3, 2012
Comment #3

🙂

commentinfo By: ei lay at Oct 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment