Professional Authors

ရေသောက်မြစ် သို့  စကားဖြူဖြူ … အလွမ်းတချို့  ( sharon )

 

ခိုဝင် မိခြင်း ကို အပြစ်တစ်ခုလို့  ကမ္ဘာပျက်မတတ်ကျနော်တွေးထင်နေခဲ့ မိတယ်

ဖြူဖတ်ဖြူရော် သံစဉ် တပုဒ်ကိုမှ သူ နားဆင်ပေးခဲ့ တာပါ

မမီမယ့်အတူတူ ကျနော်မလိုက်ဖို့ ဆုံးဖြတ်ခဲ့ ပေမယ့်

ညကအိပ်မက်ထဲမှာ မိုးသည်းခဲ့ တယ်…

 

 

သူ့ သံစဉ်ကိုမှ နားဆာခဲ့ ရတာပါ

ရပ်ဝန်းလေးတစ်ခု 

ကျနော့် စံတော်ချိန် သမျှ ပါပဲ


ကျနော့် အဆုတ် ထဲမှာ သူ့ ရနံ့ တွေ ထုံမွှမ်းနေသမျှ ကာလပတ်လုံး

 ကြည်မွေ့ စွာ….  ကျနော်  ရှင်သန်နေဦးမှာပါ

အသဲကွဲသီချင်းတွေ ကျနော် မဆိုဖို့ ဆုံးဖြတ်ထားလိုက်တယ်

 

ဆွတ်ပျံ့ မှု တစ်ခုခုကို ကျနော် ငတ်လာခဲ့ ရင်

ဟုတ်ကဲ့ 

မဖြစ်ညစ်ကျယ်  အချစ်ကဗျာတွေ ကျနော် ရေးမှာပါ

ဒါကိုပဲ ကျနော့် နေ့ ရက်တွေ အဖြစ် ခင်းကျင်းပါ့မယ်   (သူ (လူ)သိသိမသိသိ)

ဘယ်သူ့ ပယောဂမှမပါပဲ ကျနော်သူ့ ကိုချစ်တယ်

 

ကျနော်သိပ်ချစ်မိတယ်

 

တချိန်ချိန် ဆိုတဲ့  မျှော်လင့်ချက်တွေ ကိုကျနော်မွေးမြူနေတတ်ပြီ

ဒီတိုင်းဆို

မွှေးပျံ့ ခွင့်ရော ကျနော့် မှာ ရှိလို့ လား

 

ရိုးသားမှုတစ်ခု ကို ထုဆစ်ချင်စိတ်နဲ့ ကျနော် အပေါစားဆန် မိသလား ( မသိပါ )

အတည်ပြုချက်တစ်ခု ကိုဖမ်းဆုတ်မိတော့ ရေသောက်မြစ် ဟာ လှပတယ်

 

စိုက်ပျိုးခြင်းက ရာသီဦးမပီသခဲ့ ဘူး

ရာသီတိုင်းအတွက်ေ၇ာင်ခြည်ဦးက မင်းဆီမှာ

သိသိသာသာ ချစ်တတ်သွားမှုမှာ  တံတားမကျိုးချင်တော့ဘူး

ကြယ်စင်

ကျနော့်  အိပ်မက်လေး

ကျနော့် သွေးခုန်နှုန်းလေး

ကျနော့် ဝင်သက်ထွက် သက်လေး

ပေါင်းကူးတံတားလေးအတွက်

ကျနော့် ရင်ဘတ်တစ်ခြမ်းခင်းထားတယ်

 

ခု ….   လမ်းခုလတ်လေးမှာ

ထုတ်ကြည့်မိတိုင်း အလွမ်းတွေဖြစ်နေတတ်ပြီ

ချစ်သူချင်း ဆိုတဲ့ အသိကို  သူ ခံစားသိစေချင်တယ်

 

ယုံကြည်မှု .. ကျနော် နဲ့ မထိုက်ပဲ  အလိုချင်မိဆုံးအခြေအနေ

သူ့  ဘာသာရပ်လေး  ခမ်းနားလွန်းပါတယ်

သူသိပါတယ်

ကျနော့် အလွမ်းတွေ သက်လုံမကောင်းဘူးဆိုတာ

နေ့ ရက်တချို့ ကို စိတ်အာရုံလွှဲထားရတယ် (မေ့တော့ မမေ့ ဘူးပေါ့ )

 

ဒီနာမည်

ဒီနာမ်စားလေးကိုပဲ

ဒီရင်ဘတ်

ဒီဦးနှောက်ထဲမှာ……

ကျနော် သေမလိုမြတ်နိုးတယ်

 

လမ်းလျှောက်တတ်တဲ့ နှုတ်ခမ်း တစ်လွှာကို

မ၀ံ့မရဲတိုးမိတဲ့ ရေစီးလေး  က လွမ်းတယ်

 

ဘာသာရပ် အခြားမှာ မင်း မွေ့ ပျော်နေချိန်မှာတောင်

ဧကန် ဧကန် ဧကန်

အိပ်မက်တွေ ပန်းအဖြစ်ပွင့်ပါစေလို  ဆုတောင်းပေးမယ့်သူရှိတယ်

 

အသက်ငွေ့ လေးကိုမြတ်နိုးစိတ်နဲ့ 

ကျနော့် ကိုယ် ကျနော် တောင် ငြင်းလွှတ်ဖူးတာတကယ်

တစ်ခါတစ်ခါ တောပန်းလိုဖြူတယ်လို့  ထင်ယောင်ထင်မှား ( ကိုယ့် ကိုယ် ကိုယ် )

ကျနော့် ကမ်းခြေမှာ  ( သိုသိပ်စွာ ဖြစ်ဖြစ် ) လင်းပေးပါ ချစ်သူ

 

ကျနော်လေ

သူနဲ့ ပက်သက် မိလေသမျှ

ဒဏ်ရာ ကို တောင် စံပယ် လို မွှေး ပစ်လိုက်မိတယ်  (ကျနော်မလွန်ဘူးထင်ရဲ့ )

 

တကယ့် တကယ် ဆန္ဒ က

သူ့ အတွက်  လိုလိုလားလား ဖူးပွင့်နေရမယ့် တောပန်းဖြူဖြူ ပဲကျနော်ဖြစ်ချင်တယ်

ဒါကလည်း  ကျနော် သူ့ ကို ချစ် တဲ့ အကြောင်းအရာ တွေ ထဲ က တစ်ခုပေါ့

 

ချစ်သူရယ်

သတိရမှု လှိုင်း ထနေတယ်

 

တချိန်ချိန် ကို

တခုတ်တရနဲ ပေါ့

အဲဒီတချိန်ချိန် မှာ   …..

ကြယ်တွေ တူတူ ငေး ချင်တယ်  ချစ်သူ

ဆွတ် ပျံ့ ဖွယ်  ညနေတချို့ ရောက်လာပြန်ဦးမယ် ….

အလွမ်း  ……

ဒီ ဒဏ်ရာ ကို

ကျနော်  တယုတယ ထွေး ထား မယ်  ….

                                                                    ရှာရွန်  ( ၃၀.၃.၂၀၁၂ )

In: ကဗျာ Posted By: Date: Mar 30, 2012
Comment #1

wowwwwwwwwwwww
really excellent,,,
love forever.,,,
understood & lots of sympthaty.
i admire of him who got ur love..ha,,ha,,
good luck forever,,myor.

commentinfo By: ei lay at Mar 30, 2012
Comment #2

me me me me 🙂
thz chit
i love your poem

commentinfo By: taylay at Mar 30, 2012
Comment #3

ကောင်းလိုက်တာဆိုတဲ့စကားအပြင် ပြောလို့ရရင်ထပ်ပြောချင်ပါသေးတယ် ရှာရွန်
ဒီနေရာလေးကတော့ ရင်ဘတ်ထဲကို အရောက်ဆုံးပါပဲ . . 🙂

ဆွတ်ပျံ့ မှု တစ်ခုခုကို ကျနော် ငတ်လာခဲ့ ရင်

ဟုတ်ကဲ့ 

မဖြစ်ညစ်ကျယ် အချစ်ကဗျာတွေ ကျနော် ရေးမှာပါ

ဒါကိုပဲ ကျနော့် နေ့ ရက်တွေ အဖြစ် ခင်းကျင်းပါ့မယ် (သူ (လူ)သိသိမသိသိ)

ဘယ်သူ့ ပယောဂမှမပါပဲ ကျနော်သူ့ ကိုချစ်တယ်

commentinfo By: နတ်သမီး at Mar 31, 2012
Comment #4

sis, really COOL………………

commentinfo By: May Kha at Mar 31, 2012
Comment #5

xooooooo GREAT POEM (or)………..

commentinfo By: တာဇံ at Mar 31, 2012
Comment #6

အမ…
ကြိုက်တယ်ဗျ….ခံစားအားပေးသွားပါတယ်

commentinfo By: poem.poem28 at Mar 31, 2012
Comment #7

REALLY ….GREAT…GREAT….. GREAT..GREAT………..huuuuuuuuuuu

commentinfo By: တာဇံ at Mar 31, 2012
Comment #8

အရမ်းကောင်းတယ်ဗျ
ရေးတတ်လိုက်တာ

commentinfo By: SimpleSimplest at Mar 31, 2012
Comment #9

ဒီ ဒဏ်ရာ ကို

ကျနော် တယုတယ ထွေး ထား မယ် ….
/ ဒီလောက်ပဲပြောလို့ဖြစ်တယ်ဟုတ်

commentinfo By: အသဲကွဲမိုး at Apr 1, 2012
Comment #10

ကျနော် ကြည်မွေ့ စွာ ကျေးဇူးတင်မိပါတယ်
အားလုံး ကို လေးစားကျေးဇူးတင်လျှက် ပါ

commentinfo By: sharon myorr myor at Apr 1, 2012
Comment #11

ဒဏ်ရာကိုတောင် စံပယ်လိုမွှေးပစ်လိုက်မိတယ်
ကြမ်းချက်ဗျာ ဒေါ်ရှရွန်တို့ကတော့ စကားလုံးသုံးနှုန်းတာတယ်ရက်စက်ပါလားဗျာ
ဖတ်သွားပါကြောင်း ~~

With respect,
RAY

commentinfo By: X - ray at Jun 23, 2012
Comment #12

အားပေးတာ တကယ်ကျေးဇူးတင် ပါတယ် ကို x’ray
ရက်စက် သလိုဖြစ်သွားသလားဗျာ 😀

commentinfo By: sharon myorr myor at Jul 4, 2012
Comment #13

really really excellent.
super like.
😛

commentinfo By: ei lay at Jul 4, 2012
Comment #14

ကျေးဇူး အိ ရယ် 🙂

commentinfo By: sharon myorr myor at Jul 4, 2012
Comment #15

ကိုယ့် ကဗျာကိုယ်ပြန်ငေးမိတယ်
ကဗျာတိုင်းမှာ အိ ပုံရိပ်လေးတွေရှိနေတာ ကျေနပ်စရာကောင်းလိုက်တာ … 🙂

commentinfo By: sharon myorr myor at Aug 3, 2012
Comment #16

ta ti ya hmu tway hline hta nay de,,chit myor yae, 😛

since yesterday,,i m so much happy,
i’ve got what i want.,,ma moe also arrives,
my lucky & fanstic times are coming to my life now.
let’s go to the amazing pleasure life,,chit myor, 😛

i m really really like so much chit myor,,ma moe,.ko moe g.
i m envious of u guys,
besides,,i m very proud of being ur beloved one.

commentinfo By: ei lay at Aug 3, 2012
Comment #17

thazz xo much ei
Happy and Sweet December nor !
Be Happy 4ever ! 🙂

commentinfo By: sharon myorr myor at Dec 4, 2012
Comment #18

စိုက်ပျိုးခြင်းက ရာသီဦးမပီသခဲ့ ဘူး

ရာသီတိုင်းအတွက်ေ၇ာင်ခြည်ဦးက မင်းဆီမှာ

သိသိသာသာ ချစ်တတ်သွားမှုမှာ တံတားမကျိုးချင်တော့ဘူး

ကြယ်စင်

ကျနော့်  အိပ်မက်လေး

ကျနော့် သွေးခုန်နှုန်းလေး

ကျနော့် ဝင်သက်ထွက် သက်လေး

ပေါင်းကူးတံတားလေးအတွက်

ကျနော့် ရင်ဘတ်တစ်ခြမ်းခင်းထားတယ်

ယုံကြည်မှု .. ကျနော် နဲ့ မထိုက်ပဲ အလိုချင်မိဆုံးအခြေအနေ

သူ့  ဘာသာရပ်လေး ခမ်းနားလွန်းပါတယ်

သူသိပါတယ်

ကျနော့် အလွမ်းတွေ သက်လုံမကောင်းဘူးဆိုတာ

နေ့ ရက်တချို့ ကို စိတ်အာရုံလွှဲထားရတယ် (မေ့တော့ မမေ့ ဘူးပေါ့ )

တယ်ကောင်း ဗျာတယ်ကောင်း ကောင်းတယ်ဗျ ကောင်းတယ် မရှာရွန် မြော(မျော) မြော(မျော) 😀

ခင်မင်လျက်
နိုးဆက် နေ့

commentinfo By: 13th at Jan 7, 2013
Comment #19

ဒီနာမည်

ဒီနာမ်စားလေးကိုပဲ

ဒီရင်ဘတ်

ဒီဦးနှောက်ထဲမှာ……

ကျနော် သေမလိုမြတ်နိုးတယ် ….

တော်လိုက်တာဗျာ

commentinfo By: cherry4cheery at Sep 22, 2013
Comment #20

ဒီ ဒဏ်ရာ ကို ပဲ…..
ကျနော် တယုတယ ထွေး ထား မယ် ….

commentinfo By: နွေ at Sep 25, 2013
Comment #21

ဒဏ်ရာ ကို တောင် စံပယ် လို မွှေး ပစ်လိုက်မိတယ် (ကျနော်မလွန်ဘူးထင်ရဲ့  ) 1 kal good poem lay pr myorr…

commentinfo By: shwezinmyatno at Sep 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment