Professional Authors

နေရာမှားခဲ့ခြင်းဟာ ကျိန်စာ ဖြစ်တယ်

 


မနေ့တုံးက ညနေခင်းအချိန်
လှိုင်းတိုးသံသဲ့သဲ့ကြားမိ
ရင်တွင်းအထီးကျန် ပင်လယ်ပြင်
ဝေးကွာလှတဲ့ နှစ်ဆယ့်ငါးနှစ်ကြာ
ငါနေထိုင်ရာအရပ်က စွန့်လွှတ်ထားခြင်း
အာကာပြင် မျက်နှာကြက်ကိုငေးလို့
ပုခုံးအစွန်းနှစ်ဖက်
ယဉ်ကျေးမှုအစွန်းနှစ်ဖက်
မယ်သီတာ နဲ့ ဒဿတို့
တွန်းတိုက်မိကြတယ်
လျှပ်စီးတို့ ဖွေးဖွေးလှုပ်ပြီးသကာလ
မျက်ဝန်းအိမ်မှ သန်လျက်ဖျား အကြည့်ဟာ
မင်း အမျက်ရှသည်ထက်
xxxxxxxxxxxxxxxxxxx
ဒူးထောက်ကျသွားတဲ့
ခေါင်းငုံ့အကြည့်ဟာ နာလန်မထူတော့ပါ
နှလုံးသား ပုရပိုက်မှာ
သွေးစီးကြောင်းတို့ရဲ့ ဘာသာစကားဟာ
မွေးရပ်မြေဝေးခြင်း နဲ့ မ နဲ့ ဝေးခြင်းကို
ငါပိုင်ဆိုင်တယ်။ ။

In: ကဗျာ Posted By: Date: Mar 30, 2012
Comment #1

mike de,,.

commentinfo By: ei lay at Mar 30, 2012
Comment #2

အရမ်းကောင်းတယ်
အရမ်းကြိုက်တယ်
နားလညိလက်ခံမိတယ်
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Mar 30, 2012
Comment #3

ကျေးဇူး အိလေး နှင့် ရွှေကြယ်မိုး …

commentinfo By: kozay at Mar 30, 2012
Comment #4

နှစ်သက်စွာ ခံစားအားပေးသွားပါသည် …….

commentinfo By: အသဲကွဲမိုး at Mar 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment