Professional Authors

ခွဲကွာခါနီး

ဟိုနေ့ကစလို့ င့ါ ခရီးဟာ နှေးးကွေးး
ငါ့ စိတ်တွေ ထိုင်းမှိုင်းး
ငါ့ ဟာနဲ့ငါ သေချင်စော်နံတယ်။

အားမလိုအားမရနဲ့ တစ်နေ့ပြီးတစ်နေ့
ဖြတ်သန်းရတာလည်း မောတယ်။

ခွဲရမှာ ကြိုသိနေတဲ့ ဒီလမ်းကို
ဆက်လျှောက်တာလည်း ရင်မော
ခွဲခွါကာနီး မျက်ရည်မကျဖို့
အဆင်သင့် ပြင်ဆင်ထားရတာလည်း ရင်မောလှပြီ။

နုတ်ဆက်ခြင်းမှာ ချိုမြိန်ခြင်း၊ ခါးသက်ခြင်း…တွေ ရှိမယ်
လိမ္မာပါးနပ်စွာ ငါတို့ မျက်ရည် သုတ်မယ်
လက်ပြ နုတ်ဆက်ခြင်းက လက်ဆွဲနုတ်ဆက်ဖို့ ဖြစ်တယ်

အိမ့်မက်တွေ အကောင်အထည်ဖော်မယ့်
အဲဒီနေ့လေးကို မျှော်လင့်စောင့်စား
သစ္စာရှိရှိ အချစ်များစွာနဲ့ အဲဒီနေ့လေး
ငါ ကြိုတွေးပြီးလည်း ပျော်တယ်။

 

In: ကဗျာ Posted By: Date: Mar 28, 2012
Comment #1

yes,,,,
that’s right,
100% agree with u,

commentinfo By: ei lay at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment