Professional Authors

ငါ့…ရှင်သန်မှု

ကောင်မလေး

ဘယ်တော့မှ စိတ်မညစ်နဲ့ 

နင့်စိတ်ပျော်အောင် အသုံးတော်ခံမဲ့ သူ

မရှိသေးဘူး………။

ဘယ်တော့မှ စိတ်မဆိုးနဲ့ 

နင်စိတ်ပြေအောင် တောင်းပန်မဲ့ သူ

သည်ကမ္ဘာမှာ မ မွေးသေးဘူး…….။

ဘယ်အခါမှလဲ စိတ်မကောက်နဲ့ 

နင့်အလိုကျ ချော့မော့မဲ့ သူ

နင့်ဝန်းကျင်မှာ မရှိသေးဘူး….။

ဘယ်တော့မှ ဘယ်သောအခါမှ

ငိုဖို့ စိတ်မကူးနဲ့ ….

မျက်ရည်ကျရတဲ့ အထိ

နာကျင်လို့ လည်း

နင့်အပေါ်စာနာမဲ့ သူ မရှိသေးဘူး..။

နင်..စွဲမြဲစွာမှတ်ထားရမှာ

နင်ဆိုတဲ့ သူဟာ

သူတပါးပျော်ရွှင်မှုကို

ဖြည့်ဆည်းပေးဖို့ 

ရှင်သန်နေရုံသက်သက်

မွေးဖွားလာတာ…။

In: ကဗျာ Posted By: Date: Mar 27, 2012
Comment #1

aww … poor thing

commentinfo By: cynthia at Mar 27, 2012
Comment #2

hint,,hint,,,hint,,,
🙁 🙁 🙁 🙁
ta nar sa yar kaung like de ei lay par lar?
;( ;( ;( ;( ;(

commentinfo By: ei lay at Mar 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment