Professional Authors

‘ဒီ လှိုင်း’ စာစောင် (၂၆၊ ၃၊ ၂၀၁၂)မှ ကဗျာ (သပြေညွန့်)

လာပြီ
ဇာနည်
‘စာမရီ’ အလား
မြန်ပြည်ဖွားတဲ့ ပြည်သူ့ခေါင်းဆောင်…

နှောင်းအတိတ်
ကောင်းနမိတ်
ဒေါင်းတံဆိပ်နဲ့ ကြယ်ဖြူအလံတော်…

စကားအရာ
‘အား’ပါ
အကြွားအဝါ မဖက်
‘ပျားသကာ’စက်သို့ ချိုမြိန်ပါသလေ…

‘စုကြည်’ တုမမီ
ဆုအလီလီပေး
သူ့အရည်အသွေးက ကိုးဆယ်ဆကွာ…

အနှစ် နှစ်ဆယ်ကာလ
အမြစ်တွယ်လာသမျှ အစိုင်အခဲတွေဆီ
မပစ်ပယ်ထာဝရ ခိုင်မြဲရေရှည်…

အကြမ်းစားဘဝ နွမ်းပါးလျ
ဝမ်းခါးမလှတဲ့ ပြည်သူ့အလွှာတွေ
စွမ်းအားရှိသမျှ ကူညီပါလေ…

မြန်ပြည်တစ်ဝန်း သိန်းသန်းပြည်သူ
‘ဒီချုပ်’မူကို ဖေးကူထုဆစ်
ပြည်သူ့ခေတ်အတွက်
နှစ်ထောင့်တစ်ဆယ့်နှစ် ဧပြီတစ်မှာ
အမှန်ခြစ်ရေး
ဆန္ဒပေးစို့… ပေးကြစို့…။ ။

 

ဒီနေ့ မတ်လ ၂၆ ရက်နေ့ထုတ် ‘ဒီ လှိုင်း’ စာစောင်၊ အတွဲ (၁) အမှတ် (၁၁)မှာ ပါတဲ့ ကဗျာပါ။
ရေးဟန်က ခပ်ပြတ်ပြတ်နဲ့ ထိမိပုံကို ကြိုက်လို့။

ကျွန်တော့်လိုပဲ ရေခြားမြေခြားမှာ ရောက်နေလို့ ဒီလှိုင်း စာစောင်ကို တခါတလေမှ ဖတ်ဖြစ်ကြတဲ့ (သို့)
လုံးဝမဖတ်ဖြစ်ကြတဲ့ ညီအစ်ကို မောင်နှမများကို မျှဝေလိုတဲ့ အတွက်ပါ။

 

In: ကဗျာ Posted By: Date: Mar 26, 2012
Comment #1

ကောင်းလိုက်တဲ့ကဗျာ ရေးထားတာ အဖွဲ့အနွဲ့မပါဘူးကွက်တိပဲ

commentinfo By: jasmine at Mar 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment