Professional Authors

စိတ္တဇရဲ့ညပျက်

မမျှော်လင့်ပဲ ဒီအခန်းကျဉ်းထဲမှာ
ငါ့အငွေ့အသက်ကို ငါပြန်ရှုရှိုက်နေတာ
တ နေ နဲ့ တ လ ကြာသတဲ့။
အရေပြား အောက်ကသွေးကြောခုန်နေသလား?
ဘုရားသ္ခင်ဖန်ဆင်းထားတဲ့၊ နံဘောင်တွေကြားထဲက နှလုံးသားခုန်သံ၊
 တချက်ချက်မြည်နေသံကိုစည်းချက်လိုက်လို့ ၊
 နတ်သားအပေါင်းနဲ့ကခုန်ရင်းဒိအခန်းထဲ ၊
 တ နေ တ လ ကြာပြန်ရော။
ဦးနှောက်တွေရှင်သန်လည်ပတ်ဖို့
ကုထုံးဆေးတွေတိုက်နေကြတာလဲ ၊ တ နေ တ လကြာနေပီတဲ့။
အရူးလို့လူတချို့ရဲ့ ရေရွတ်သံတွေကို၊ ငါဥပက္ခာပြု  လိုက်တာလဲ
တ နေ တ လ ကြာပါပီကော။
စိတ္တဇ လို့ ငါကင်မွန်းပြ န်တပ်ရင်း ၊
ငါ့ရောဂါကိုငါ့ဖာသာပြန်ကုစားရင်း ၊
ဒီညပျက်ပေါင်းများစွာကို ငါဆေးတိုက်ရင်း၊
သံစဉ်မပီရွတ်ဆိုတဲ့ ကဗျာတပုဒ်ထဲ၊ တိုးတိုးလေးထည့်လိုက်တယ်.
ငါလိုနေတာ ဆေး မဟုတ်ဘူး………..
ငါ့ကိုနားလည်မှု့နဲ့ ကြင်နာပါ…  ငါလိုနေတဲ့နွေးထွေးမှု့ လဲပျောက်ဆုံးနေတာ
တ နေ တ လကြာပြန်ပေါ့။။။။။။။။။။။။

In: ကဗျာ Posted By: Date: Mar 24, 2012
Comment #1

right,,,
100% right.
i agree with u

commentinfo By: ei lay at Mar 24, 2012
Comment #2

thanks Ei Lay

commentinfo By: May Kha at Mar 25, 2012
Comment #3

ဟာ အမရေ တကယ်ကို ကောင်းတဲ့ကဗျာပဲဗျာအရေးသားတွေဆန်းသစ်ထားတာပဲ ကြိုကိတယ်ဗျာ

commentinfo By: yaewintaung at Mar 25, 2012
Comment #4

ငါလိုနေတာ ဆေး မဟုတ်ဘူး…
ငါ့ကိုနားလည်မှု့နဲ့ ကြင်နာပါ…

… အမှန်ပါပဲ မေခရေ။

… အတွေးရော အရေးပါ ကောင်းတယ်ဗျာ

commentinfo By: ကံ့ကော်မောင် at Mar 25, 2012
Comment #5

အားပေးဖတ်ရှုတဲ့ကိုကန့်မောင်ရယ်…….ရဲဝင့်အောင်ရယ်…
ဝင်ေ၇ာက်ဖတ်ရှုတဲ့မောင်နှမတွေကိုရင်ထဲကကျေးဇူးတင်လိုက်တာ……..

commentinfo By: May Kha at Mar 26, 2012
Comment #6

စိတ္တဇရဲ့ညပျက်
စိတ္တဇရဲ့ညပျက်
စိတ္တဇရဲ့ညပျက်

စိတ္တဇကိုလည်း တွေ့တယ်
ညပျက်ကိုလည်း တုန်လှုပ်ခြောက်ခြားစွာ
ခံစားလိုက်ရတယ်
ဒီကဗျာက တကယ်ကို ကောင်းတယ်နော်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Mar 27, 2012
Comment #7

ငါလိုနေတာ ဆေး မဟုတ်ဘူး………..
ငါ့ကိုနားလည်မှု့နဲ့ ကြင်နာပါ… ငါလိုနေတဲ့နွေးထွေးမှု့ လဲပျောက်ဆုံးနေတာ
တ နေ တ လကြာပြန်ပေါ့။။။။။။။။။။။။

commentinfo By: laminpaing at Apr 4, 2012
Comment #8

i like this poem .

commentinfo By: skyspy.game01 at Apr 6, 2012
Comment #9

ကျေးဇူးတင်ပါတယ်….

commentinfo By: May Kha at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment