ဖယောင်းတိုင်
ဖယောင်းတိုင်
ကျွန်တော့်မှာ ကိုယ်ပိုင်အလင်းရှိတယ်
ဒါပေမဲ့ သူမလေးအချစ်နဲ့ ထွန်းညှိမှ
ကျွန်တာ် လင်းနိုင်တယ်
ယိမ်းကနေတဲ့ မီးတောက်လှလှလေးဟာ
သူမကမ္ဘာကို အမှောင်ကနေ ခွာစေတယ်
ကျွန်တော့်အသက်ရှုသံတွေက
ဖယောင်းသား ဖြူလွလွလေးတွေပေါ့
ဘဝဆုံးသွားတဲ့အထိ ထွန်းညှိလင်းပပေးမယ်
ကောင်မလေးရယ်
မင်း အမှောင်တွေနဲ့ ကင်းမယ်
တန်ဖိုးနည်းသော အလင်းရောင်လေး
ဒါပေမဲ့ အမှောင်နဲ့ ဝေးစေနိုင်ပါတယ်
မင်းရဲ့ဘဝ လင်းတောက်လှပနေချိန်
ငါ့အလင်းဆိုတာ မှိန်ပျဖျော့ဝါးနေမယ်
သတိရလိုက်ပါ ကောင်မလေးရယ်
အမှောင်နဲ့ဝေးနေရင် ငါ ပျော်ပေးတယ်
ယုံကြည်ထားလိုက်စမ်း ကောင်မလေး
ငါဆိုတဲ့ ကောင်က
မင်းကမ္ဘာလေး လင်းပစေရေး
စကြဝဠာဖယောင်းတိုင်လေး ဖြစ်တယ်။
ချီရွန် ( ပုလဲ )
Comment #2
wow,,,,,,,,,,,
i like this honourable lovely candle so much.
By: ei lay at Mar 24, 2012
Comment #4
ကျွန်တော် အားပေးသွားပါတယ်ခင်ဗျ
ကဗျာလေးကောင်းတယ်ဗျ
By: athaekwelmoe at Mar 24, 2012
Comment #5
ဟုတ်ကဲ့ ကျွန်တော့်ရဲ့ အမှတ်တရကဗျာကို လာရောက် အားပေးသွားတဲ့အတွက် အသဲကွဲမိုးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ………………
By: ChIr0N at Mar 24, 2012
Comment #6
ကောင်းတယ်ဗျာ
By: ကံ့ကော်မောင် at Mar 25, 2012
Comment #7
အားပေးခဲ့တယ်နော်—————
By: htike thu ya at Apr 5, 2012
Comment #8
yyyy
By:ိD moe z at Apr 6, 2012
Comment #9
kyike lun loh nout htet 5 khar phat p a lut kyat twar par de shin.
By: ei lay at Apr 7, 2012
Comment #10
အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ……. ei lay မှ အလွတ်ကျက်သွားတယ်လို့ သိရတဲ့အတွက် အထူးပင် ဂုဏ်ယူမိပါကြောင်း ခင်ဗျာ
By: ChIr0N at Apr 7, 2012
Comment #11
အွန်းးးသူမလေးရဲ့အချစ်နဲ့ ထွန်းလင်းပါစေ….
By:ံ့မြူ ခိုး တိမ် at Aug 15, 2012




Comment #1
အားပေးသွားပါတယ်…………