Professional Authors

ကွက်လပ် ဖြည့်လိုက်ပါ

အ လဲထပ်နေတာ အံ့သြတကြိးသိလိုက်ရတာ
နှလုံးသားချင်းတဲ့။
အလဲထပ်နေတာ ငွေစက္ကူ တချို့နဲ့
ပွန်းနေတဲ့သိက္ခာတွေ။
အောင်နိုင်သူအြ့ပုံးနဲ့ ၊ ရင်ထဲတချို့ အရှုံးကိုဖုံးလို့ ပေါ့။
သွေးသားနဲ့အလဲံထပ်မှု့မှာနှလုံးသားတစ်စုံကို
မေ့လျှော့နေတဲ့၊ အဆီ တ၀င်းဝင်းမျက်နှာပြင်တွေပေါ့။
လှည့်စားမှု့များစွာနဲ့  အနိုင်ယူနေသူတွေထဲ
ဈေးကွက်စီးပွားပျက်နေလို့တဲ့။
ပျောက်ဆုံးနေတဲ့ကိုယ်ချင်းစာတရားပါးပါးလေး
ရုတ်တရက်ဝတ်ဆင်လိုက်စမ်းပါ။
ချစ်ခြင်းနဲ့ ကြင်နာခြင်းကို   528 နဲ့တွက်ကြပါ။
ကိုယ်နဲ့နှိုင်းလို့ ယဉ်ကျေးလိုက်ကြစမ်းပါ၊
လိုနေတယ်…….
ရှာဖွေရင်းပျောက်ဆုံးနေတဲ့အချစ်နဲ့  သစွာကို
ထောင့်ချိုးတစ်ခုမှာ စုတ်ပြတ်သတ်နေလေရဲ့။
ငွေနဲ့ဖုံးလို့ အောင်မြင်ခြင်းရလိုက်သူတချို့
လူမသိ သူမသိ တ န်အောင်ပေးဆပ်နေကြလေရဲ့ ။
ဖြည့်ရမဲ့ကွက်လပ်၊ ခုထိဟာနေဆဲ………..
ဘယ်လိုဖြည့်မလဲ………
သင်ရဲ့ဘေးက အနီးဆုံးလူကိုဒီနေ့ကစလို့ ဖြည့်ဆည်းပေးရင်းပေါ့.
သတိ၊ ငွေစက္ကူသုံးစွဲခြင်းရှောင်ကြည်ပါ… 

In: ကဗျာ Posted By: Date: Mar 24, 2012
Comment #1

wow,,,
mike de kwar

commentinfo By: ei lay at Mar 24, 2012
Comment #2

ရှာဖွေရင်းပျောက်ဆုံးနေတဲ့အချစ်နဲ့ သစွာကို
ထောင့်ချိုးတစ်ခုမှာ စုတ်ပြတ်သတ်နေလေရဲ့။
ငွေနဲ့ဖုံးလို့ အောင်မြင်ခြင်းရလိုက်သူတချို့
လူမသိ သူမသိ တန်အောင်ပေးဆပ်နေကြလေရဲ့ ။

commentinfo By: ကံ့ကော်မောင် at Mar 25, 2012
Comment #3

သတိ၊ ငွေစက္ကူသုံးစွဲခြင်းရှောင်ကြည်ပါ… xo nice sis !

commentinfo By: sharon myorr myor at Mar 25, 2012
Comment #4

ကျေးဇူးထပ်တင်လိုက်ပါတယ်……….:D

commentinfo By: May Kha at Mar 26, 2012
Comment #5

အ လဲထပ်နေတာ အံ့သြတကြိးသိလိုက်ရတာ
နှလုံးသားချင်းတဲ့။
အလဲထပ်နေတာ ငွေစက္ကူ တချို့နဲ့
ပွန်းနေတဲ့သိက္ခာတွေ။
အောင်နိုင်သူအြ့ပုံးနဲ့ ၊ ရင်ထဲတချို့ အရှုံးကိုဖုံးလို့ ပေါ့။
သွေးသားနဲ့အလဲံထပ်မှု့မှာနှလုံးသားတစ်စုံကို
မေ့လျှော့နေတဲ့၊ အဆီ တ၀င်းဝင်းမျက်နှာပြင်တွေပေါ့။
လှည့်စားမှု့များစွာနဲ့ အနိုင်ယူနေသူတွေထဲ
ဈေးကွက်စီးပွားပျက်နေလို့တဲ့။
ပျောက်ဆုံးနေတဲ့ကိုယ်ချင်းစာတရားပါးပါးလေး
ရုတ်တရက်ဝတ်ဆင်လိုက်စမ်းပါ။
ချစ်ခြင်းနဲ့ ကြင်နာခြင်းကို 528 နဲ့တွက်ကြပါ။
ကိုယ်နဲ့နှိုင်းလို့ ယဉ်ကျေးလိုက်ကြစမ်းပါ၊
လိုနေတယ်…….
ရှာဖွေရင်းပျောက်ဆုံးနေတဲ့အချစ်နဲ့ သစွာကို
ထောင့်ချိုးတစ်ခုမှာ စုတ်ပြတ်သတ်နေလေရဲ့။
ငွေနဲ့ဖုံးလို့ အောင်မြင်ခြင်းရလိုက်သူတချို့
လူမသိ သူမသိ တ န်အောင်ပေးဆပ်နေကြလေရဲ့ ။
ဖြည့်ရမဲ့ကွက်လပ်၊ ခုထိဟာနေဆဲ………..
ဘယ်လိုဖြည့်မလဲ………
သင်ရဲ့ဘေးက အနီးဆုံးလူကိုဒီနေ့ကစလို့ ဖြည့်ဆည်းပေးရင်းပေါ့.
သတိ၊ ငွေစက္ကူသုံးစွဲခြင်းရှောင်ကြည်ပါ…

ကျွန်တော်ကတော့ ဒီလိုအရေးအသားမျိုးနဲ့
ဒီလိုခံယူချက်မျိုးနဲ့ကဗျာတွေကို အရမ်းကြိုက်တယ်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment