Professional Authors

ငယ်ငယ်တုန်းက ဒီ့ထက်ပျော်ရ

ငယ်ငယ်တုန်းကဒီ့ထက်ပျော်ရ

 

တခုတ်တရလင်းနေရအောင် နတ်ဆိုးကဒီအခန်းမှာမရှိဘူး

ပြန်မကျတဲ့ကုန်ဈေးနှုန်းနဲ့ သုံးမရတဲ့မြတ်တွေပဲရှိတယ်

အရောင်နဲ့အဆင်းက လိမ်ဆင်ကြီးပါဗျာ ဆင်ကြီးလိမ်ဖယ်ဖယ်ဖြစ်နေသလိုပဲ

ရှေ့ဆက်လျှောက်ဖို့ဆိုတာ လမ်းရှိမှပါ လမ်းတွေ လိုတယ် လိုတာကလမ်းတွေ

မျှော်လင့်ချက်တွေအတွက် အကြောင်းပြချက် ဆိုတာရှိတယ်။

နံပါတ် 9909 ရှေ့ကကုဒ်ကို မင်းရှာလိုက် ငါ့ကိုဆက်သွယ် မမှောင်ခင်အထိရှိတယ်

စေတန်ရဲ့မျက်လုံးတွေ နဲ့ RPG47 မင်းကြိုက်တဲ့ တစ်ပြုံကြီးသတ်တဲ့ လူသတ် လက်နက်။

အမျိုးပေါင်းသောင်းခြောက်ထောင်၊ ပါပလူမျိုးကိုးဆယ့်ကိုးကိုဖယ်လိုက်

နောက်တစ်မျိုးကလိမ်တာ သူ့ပါသတ်ရင်ပျက်ပီပေါ့ဗျာ ပျက်ရော

သွားစမ်းပါ ဖြတ်ညှပ်ကပ်၊ ဖြတ်ဖေါက်ချုပ်၊ ဖြတ်စားလတ်စားအစားထဲကလာတာတွေ

လှောင်စား ပြောင်စား ကပ်ဖားရပ်ဖားတွေ (ရပ်ဖား) မတ်တပ်ရပ်ပီးလည်းဖားတယ်။

သူလိမ် သူညာတယ် လူညာကြီးပေါ့ကွယ် သူပြောင်တယ် သူလှောင်တယ် လူပြောင်ကြီးပေါ့

ဒုန်းချပ်ချပ်ဒုန်း ဒုန်းချပ်ချပ်ဒုန်းဆိုပီး ဒန့်တန့်တန့် ကောင်းဘွိုင်တီးလုံးနဲ့ဝင်လာတယ်

ဂျွန်ဝိန်းကြီးလား ခင်ဗျား အိုသွားပြီ နားထား ဒီခေတ်က သီဟတင်စိုးခေတ်

မြန်မာပြည်လွပ်လပ်ရေးအတွက်သူတိုက်ပွဲဝင်နေတယ် လူလိုသိ

ရှုပ်ရှုပ်ယှက်ယှက် လုပ်တော့ ရှက်ရှက်ပါကွဲရော ဘ၀က ဘွလို့လည်းခေါ်လို့ရတယ်

မြစ်ကမ်းကကျယ်လာပြီ ရပ်တည်မှုတွေလည်းရှုပ်ထွေးလို့

ငြိမ်းချမ်းရေးဆိုတာ

ကျွန်တော့်သူငယ်ချင်းငြိမ်းချမ်းအောင်ကိုခေါ်တာလားမသိဘူး

သူကရေခဲချောင်းရောင်းတယ် အေးချမ်းတာ တကယ်အေးချမ်းပါ့

သာပေါင်းညာစား၊ ဒါ သာပေါင်းသားတွေကိုစော်ကားတဲ့စကားပါ ဖျက်ပစ်သင့်တဲ့စကား

လက်ဖက်ကောင်းစားချင်လို့ ပလောင်ဆိုင်သွားဝယ်တာ မြန်ပါ့ မြန်ပါ့

ရှုပ်ရှုပ်ယှက်ယှက်တွေ တွေးမိ ရှည်ရှည်လျားလျားတွေ တွေးမိ ဘာပဲဖြစ်နေဖြစ်နေ

ကလေးဘ၀က အေးချမ်းတာလေးတွေ သတိရမိ

အိမ်မှာTVမရှိသေးတဲ့အချိန်က ပျော်ဖို့ကောင်းလိုက်တာ ။

 

မောင်မြတ်သူ

In: ကဗျာ Posted By: Date: Mar 24, 2012
Comment #1

မျှော်လင့်ချက် က လမ်းဖောက်ဖို့…

commentinfo By: SoFarAwayFromU at Mar 24, 2012
Comment #2

ကလေးဘ၀က အေးချမ်းတာလေးတွေ သတိရမိ

အိမ်မှာTVမရှိသေးတဲ့အချိန်က ပျော်ဖို့ကောင်းလိုက်တာ ။

commentinfo By: May Kha at Mar 24, 2012
Comment #3

… ဘာပဲဖြစ်နေဖြစ်နေ
ကလေးဘ၀က အေးချမ်းတာလေးတွေ သတိရမိ
အိမ်မှာTVမရှိသေးတဲ့အချိန်က ပျော်ဖို့ကောင်းလိုက်တာ

… မှန်တယ်

commentinfo By: ကံ့ကော်မောင် at Mar 25, 2012
Comment #4

မှန်ရင်ခေါင်းကွဲမှာပေါ့ဗျာ

commentinfo By: မောင်မြတ်သူ at Mar 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment