အမျှအမျှအမျှ
အမျှအမျှအမျှ
အဝေးပြေးလမ်းမပေါ်ကအတွေးစ
မှတ်တိုင်တစ်ချို့……………..။
ဝေးကွာခြင်းနှင့်ကွာဝေးခြင်းသာ
လက်ရှိပစ္စုပန်ဟု……………..။
မျက်ဝါးထင်ထင်ကြားသိခဲ့။
အချစ်ဆိုတာ…………ဘာလဲ?
သစ္စာဆိုတာ………….ဘာဘဲ?
ဆင့်ကဲပေါက်ဖွားမှုတဲ့…….သတ္တိ
မင်းရောဘယ်မှာလဲ?
အဖြေရှာနေခြင်းရဲ့မသိစိတ်ထဲ
ဝေဒနာတွေအချို့လွှမ်းမိုးရင်း
အတိတ်ရဲ့ဝိဥာည်အား
နာကျည်းမုန်းတီးခြင်း
ရွံရှာစက်ဆုတ်ခြင်း
တကိုယ်ကောင်ဆန်ခြင်း
ကိုယ့်ဘက်ကိုသာ“ကြည့်”ခြင်းတို့ဖြင့်
သုတ်သင်ဖယ်ရှားလိုက်ချေပြီ။
သို့……………..ချစ်ခဲ့သူ။
သင်သွားလိုရာသွားနိုင်ပြီ။
Comment #1
သင် သွားလိုရာ သွားနိုင်ပြီ….