Professional Authors

ရှတ(မင်းလူန)

နာလိုခံခတ်တဲ့ အရသာနဲ့ 
လူ့အဖြစ်ကို
သွတ်သွင်းခံရသူ
တစ်ကယ်တော့ 
ကြားနာခံရရုံသတ္တ၀ါလောကမှာ
ကိုယ့် အပူကို
ပြန်ချော့ မော့ ရတဲ့ တေး
ရိုးသားခြင်းကင်းပါ့ မလား
×××××××
လူကြိုက်တဲ့ လူမှာ
ကိုယ်မကြိုက်တဲ့ လက္ခဏာတွေနဲ့ 
ဒဏ်ရာပရပွ
ခတ်တယ်
××××××××
ကိုယ့် ဇာတ်နဲ့ ကိုယ်
ကိုယ့် ဆင်ခြေနဲ့ ကိုယ်
မိုးလင်းကမိုးချုပ်
ရိုးရိုးကုပ်ကုပ်အသက်ရှူသူက
ရှားပါး
ငတ်မွတ်တောင့် တခြင်းကိုမှ
သဘာဝကပေးတဲ့ သီအိုရီလိုထင်ထားတော့ လဲ
ဒီလူ့ အဖြစ်မှာတင်
မောဟတွေဒေါင်ဒေါင်မြည်ခဲ့ တယ်
××××
တရားသံပါတဲ့ ကဗျာမှာ
တရားသေတွက်လို့ မရတဲ့ အတွေးတွေ
စီးဖျန်းရတာမျိုးက
လူသိပ်မကြိုက်ဘူး
ဒီတစ်ပုဒ်လူဘယ်လောက်ကြိုက်ပြီး
လူဘယ်လောက်လက်ခံမလဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။မင်းလူန

In: ကဗျာ Posted By: Date: Mar 23, 2012
Comment #1

လူတွေ။။။။။။။
ကိုမင်းလူန အားပေးသွားတယ်ဗျ

commentinfo By: athaekwelmoe at Mar 24, 2012
Comment #2

မိုးလင်းကမိုးချုပ်
ရိုးရိုးကုပ်ကုပ်အသက်ရှူသူက
ရှားပါး

commentinfo By: ကံ့ကော်မောင် at Mar 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment