Professional Authors

လွင့်မျောစိတ်ကူး

 

အသက်တွေပိုကြီးလာတယ်

နားမလည်ခြင်းတွေပိုများလာတယ်

အသက်တွေပိုများလာတယ်

နားမလည်ခြင်းတွေပိုကြီးလာတယ်

မှန်တာတွေချည်းပဲရွေးမပြောမိဖို့

ဘယ်လိုလေ့ကျင့်မှုမျိုးလိုအပ်မယ်လို့ထင်ပါသလဲ

နောက်ကျောကထိုးစိုက်မဲ့ဓါးတွေအတွက်ရော

ပြုံးပြုံးကြီးကျေနပ်ပေးခဲ့ရအုံးမလား

ဒီမှာ..လောက

ခင်ဗျားလက်ပိုက်ကြည့်နေတုံးလား

မတော်မတရားတာတွေလဲတော်တော်များပြီ

နဂိုကရှိခဲ့တဲ့အမှန်တရားတွေက

နဂိုကတည်းကမရှိခဲ့တာလား

ကယောင်ကတမ်းစဉ်းစားကြည့်ရင်းညညအိပ်မပျော်လို့ပါ

မနက်ဖြန်ခါမှာ ငါတို့တွေ အရင်လိုရိုးသားဖို့လိုသေးလို့လား

ရာသီဥတုမကောင်းပါ

လူတွေလဲမကောင်းတော့ပါ

ငါ့ကိုယ်ငါလဲခဏခဏပျောက်တတ်လာတယ်

မပျော်ရွှင်မှုတွေရယ်….

ပျော်ရွှင်မှုတွေကိုပြန်ရှာပေးပါ…..

မနက်ဖြန်ရောက်ရင်..

မနက်ဖြန်ခါတွေကိုဖျောက်ပေးပါ

ငါ့ကိုငါမရှာချင်တော့လို့လေ……..။။။

 

 

အမရာ

 

 

 

 

 

 

 

 

 

 

 

 

In: ကဗျာ Posted By: Date: Mar 20, 2012
Comment #1

ei lay taung myaw twar de,,a hote

commentinfo By: ei lay at Mar 20, 2012
Comment #2

အမရာ……
လွင့်မျော…စိတ်ကူးကိုလွင့်မျောစွာ….ခံစားအားသွားပါတယ်ဗျာ

commentinfo By: poem.poem28 at Mar 21, 2012
Comment #3

ငါ့ကိုယ်ငါလဲခဏခဏပျောက်တတ်လာတယ်

မပျော်ရွှင်မှုတွေရယ်….

ပျော်ရွှင်မှုတွေကိုပြန်ရှာပေးပါ…..

မနက်ဖြန်ရောက်ရင်..

မနက်ဖြန်ခါတွေကိုဖျောက်ပေးပါ

ငါ့ကိုငါမရှာချင်တော့လို့လေ……..။။။

သိပ်ကောင်းတဲ့ ကဗျာပါပဲ အစ်မရယ်။ လေးစားလျက်ပါ။ ရွေးထုတ်ပြထားတာက အကြိုက်ဆုံးနေရာမို့ပါ။ တပုဒ်လုံးကို ကြိုက်ပါတယ်။

ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Mar 21, 2012
Comment #4

ကြိုက်တယ်ဗျာ

commentinfo By: kantkawmg at Mar 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment