Professional Authors

မတ်လ ၁၆ ရက်နေ့ – အမေ့ဆီကို ရေးတဲ့စာ

 

 

စွယ်တော်ရိပ်ကမီး လှည်းတန်းထိပ်ဆီ ကူးခဲ့ပြီ အမေ။ ။

 

အင်းလျားကို သက်သေတည်

အမေ သစ်ပုတ်ပင်ကြီးရဲ့အောက် ဟိုတယောက် ဒီတယောက်

မိရိပ်ကိုခိုလှုံ ဝိုင်းစုပြုံလို့

သားသမီးတွေ စုံအညီ ချီကြပြီ ဆိုတော့

တံတားဖြူလေး ဟိုအဝေးက အားပေးခဲ့တယ်။ ။

 

အမေ့မျက်ကွယ် အချိုးအကွေ့လေး ရောက်လျှင်မနှေးပဲ

လုံထိန်း ‘ကြောက်ရူး’ စစ်အာဏာဘီလူးတွေက

လူသတ်ပွဲကြီး စခဲ့တယ်။ ။

 

အမေ့ရဲ့ရင်ခွင်ထဲ ပြန်မဝင်နိုင်တော့တဲ့

တချို့ သမီး သား အမေ့ရင်သွေးလေးများ

စစ်ဖိနပ်အောက် ပြားပြားမှောက်ခဲ့ပြီ။ ။

 

အင်းလျားရေကြည် သက်သေသည်လဲ

သူတို့သွေးနဲ့ ရေးခဲ့ပြီ။ ။

 

ဟိုကဖွေးဖွေး တံတားဖြူလေးလဲ

သွေးရဲနဲ့ နီထွေးခဲ့ပြီ။ ။

 

သားတို့အသက်တွေ ခြွေချ

သွေးစက်တွေ မြေခစေတဲ့ သူတွေကို

ခွင့်မလွှတ်လိုက်ပါနဲ့နော် အမေ

ခွင့်မလွှတ်လိုက်ပါနဲ့။ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


 

 


In: ကဗျာ Posted By: Date: Mar 18, 2012
Comment #1

သားတို့အသက်တွေ ခြွေချ

သွေးစက်တွေ မြေခစေတဲ့ သူတွေကို

ခွင့်မလွှတ်လိုက်ပါနဲ့နော် အမေ

ခွင့်မလွှတ်လိုက်ပါနဲ့။ ။

မြန်မာ့ယဉ်ကျေးမှု့…..မြန်မာ့တွေရဲ့ဓလေ့စရိုက်တွေထားမှာ…ခွင့်လွှတ်သီးခံခြင်း ၊နားလည်ပေးခြင်း
တစ်သက်လုံးက ကိုယ့်အပေါ် စော်ကား၊အနိုင်ကျင့်ခဲ့တဲ့သူတွေက မှားပါတယ်လို့တစ်ခွန်းသာပြောလိုက်
အလွယ်တစ်ကူခွင့်လွှတ်ဖို့ အသင့်ဘဲ…..ဒါကောင်းတာလားဆိုးတာမပြောချင်ပေမယ့်…..
နေ့သစ်ကတော့ မကြိုက်ဘူး။။။။။။။ကိုယ်ချင်းစာတရားဆိုတာဘာလဲဆိုတာတော့သိအောင်ပြချင်တယ်
….အနည်းဆုံးတော့ ငါမင်းကိုဘာမှပြန်မလုပ်ဘူး..(.ငါ့လက်ကိုသနလို့)…
ဒါပေမယ့်မင်းခေါင်းကိုမင်းပြန်ခေါက်လိုက်လို့တော့ပြောမိမှာဘဲ

commentinfo By: nate thit at Mar 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment