Professional Authors

ငြင်းခုံ ခုံ တစ်လုံးနဲ့ ငြင်း ငြင်းရင်းနဲ့ ခုံးး

ဘာ ဆိုတာ သေချာ မသိ ပဲ စကားလုံးတွေ သက်သက်စီ ကြွေကျ/ကျဆင်း မှား လား မှန် လား ငြင်းခုံ

 

နား လှည့် ပါးရိုက် ဖို့ သူ/ ငါ သက်သက် စီ ကြွေ ကျဖို့ မင်းတော်ကြောင်း ငါညံ့ကြောင်း ငြင်းခုံ

 

ခပ် စော စော အိပ်ရာထ သွားမတိုက်ခင် ရေနွေးလေးနဲ့ ပလုတ်ကျင်း ရာသီဥတုအေးလာကြောင်း ငြင်းခုံ

 

အာဖဂန် စစ်ပွဲ တရား မျှတလား မမျှတလား လတ်တလော ငြင်းခုံ ကဗျာ မှာ ဘာသာဗေဒ အရေးပါမပါဆိုတာပါ ငြင်းခုံ

 

ထား လိုက် တော့ မျဉ်းကြားကပဲ ဖြတ်ကူးကြစို့ ဆိုပြန်တော့လည်း ကူးသင့်/မကူးသင့် ငြင်းခုံ

 

အေးအေး ဆေးဆေး ဘီယာ သောက်မယ်ဆိုတော့လည်း ဟန်နီကယ်သောက်သင့် ဘတ်ဝိုင်ဇာပဲသောက်သင့် ငြင်းခုံ

 

ငြင်းခုံ ငြင်းခုံး ငြင်း ခုံ ငြင်းရင်းနဲ့ ခုံ/(ခုန်) /ခုံရင်းနဲ့ ငြင်း ငြင်းလိုက် ခုံလိုက် ခုံယူထိုင်ပြီး ငြင်း

 

အပစ် အပြစ် အပစ်အခတ်ရပ်ဆဲဖို့ ငြင်း အပြစ်လွတ်ကြောင်း ငြင်း အမှိုက်ပစ်ရ မပစ်ရ ခုံပေါ်ထိုင်ပီး ငြင်းခုံ

 

တစ်နေ့ တစ်နာရီလောက် တစ်ရာမှာ တစ်ဆယ်လောက် ငြင်းခုံ (ခုန်)ခုံငြင်း ငြင်းခုံ

 

အေး မင်းနဲ့ ငြင်းဖို့ ထိုင်ဖို့ ခုံတစ်ခုံ လိုအပ် အဲ့အတွက်ကို ငြင်းခုံ

 

ငါထိုင်ငြင်းနေတယ် ခုံတစ်လုံးနဲ့ ။

 

 

Mg Myatthu/ မောင်မြတ်သူ

In: ကဗျာ Posted By: Date: Mar 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment