Professional Authors

အိမ်လွမ်းငှက်…

အခန်းငယ်တစ်ခုထဲ…
တဖျပ်ဖျပ် ကျကွဲနေတဲ့ စိတ်ကူးတွေ…
မွေးရပ်မြေဟာ..
ဝေးရပ်မြေ ဖြစ်ခဲ့ရပေါ့ မေမေ…..
မိဝေး ဖဝေးတေးကိုဆိုရင်း
သား ဖြတ်လျှောက်ခဲ့ရ…
အရိပ်တစ်ခု လိုနေတဲ့ သားအတွက်
ဒီည မေမေကြိတ်ငိုနေမလား….
သီချင်းထဲကလိုပေါ့..
အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
ပြန်မရနိုင်တော့တဲ့ ခဏ..
မေမေ့ရင်ခွင်ကို…
သား..တမ်းတမိတယ်ဆိုရုံလေးပါ…
အိမ်ပြန်ချိန်ဆိုတာ လူတိုင်းမျှော်လင့်နေတဲ့ ဆုလာဘ်..
ကောင်းမှုပြုတိုင်း….
တောင်းဆုခြွေတတ်တဲ့သား…
အတောင်ပံတွေ ခဏနားပါရစေ မေမေ…….

P.S.2008 ခုနှစ်က ..တပ်မတော်ဆေးတက္ကသိုလ် အပတ်စဉ်(၁၅) ဗိုလ်လောင်းသင်တန်းမှာ
     ပထမနှစ်သင်တန်းသားအဖြစ်တက်ရောက်ခဲ့စဉ်က
     အခက်အခဲတွေကြုံလာတဲ့အခါ အိမ်ကိုသတိရမိတဲ့အခိုက် ရေးထားတဲ့ ကဗျာလေးပါ…………

In: ကဗျာ Posted By: Date: Mar 18, 2012
Comment #1

အိမ်ပြန်ချိန်ဆိုတာ လူတိုင်းမျှော်လင့်နေတဲ့ ဆုလာဘ်..
ကောင်းမှုပြုတိုင်း….
တောင်းဆုခြွေတတ်တဲ့သား…
အတောင်ပံတွေ ခဏနားပါရစေ မေမေ…
နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 18, 2012
Comment #2

really nice,

commentinfo By: ei lay at Mar 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment