Professional Authors

ငါ မယုံဘူးလေ……..။

ဗေဒင်ဆရာက ပြောတယ်
နင့်ဆီမှာ ငါ့အပြင်နောက်ထပ် ရှိနေပြီတဲ့….
ငါ မယုံဘူးလေ
ဗေဒင်ဆိုတာ လွဲတတ်တယ်လေ….။

သူငယ်ချင်းတွေကပြောတယ်
နင့်အသစ်ဆက်ဆက်ကောင်မလေးက အရမ်းလှတယ်တဲ့
ငါ မယုံဘူးလေ
ကြားစကားဆိုတာ လက်ခံရခက်တယ်….။

အိပ်မက်ထဲမှာ နင့်ကိုတွေ့တယ်
နင်တို့နှစ်ယောက် လက်ချင်းတွဲ ငါ့ရဲ့အဝေးကို ထွက်သွားမယ်တဲ့
ငါ မယုံဘူးလေ
အိပ်မက်ဆိုတာ ပြောင်းပြန်နိမိတ်ကောက်ရတယ်….။

နင် ကိုယ်တိုင်ကပြောခဲ့တယ်
ငါ့ကို လုံးဝမချစ်တော့ဘူးတဲ့
ငါမယုံဘူးလေ
နင်က ငါ့ကို အမြဲတမ်း လိမ်ညာနေကြဖြစ်တယ်….။

 

အလွမ်း(ကေသရီ)

In: ကဗျာ Posted By: Date: Mar 17, 2012
Comment #1

နင် ကိုယ်တိုင်ကပြောခဲ့တယ်
ငါ့ကို လုံးဝမချစ်တော့ဘူးတဲ့
ငါမယုံဘူးလေ
နင်က ငါ့ကို အမြဲတမ်း လိမ်ညာနေကြဖြစ်တယ်….။
တိုက်ဆိုင်မှုများစွာနဲ့ နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 17, 2012
Comment #2

သိပ်ကောင်းတဲ့ ကဗျာလေးပါပဲခင်ဗျာ။ အားပေးသွားပါတယ်။ အဆင်ပြေပါစေခင်ဗျ။

commentinfo By: ChIr0N at Mar 17, 2012
Comment #3

e dot,,,
phyit hma phyit ya lay,,
ei lay le bay din twat tar sate win sar de.pyaw chin loh…
but bay din ka pyaw tine dot yone par bu,,

commentinfo By: ei lay at Mar 17, 2012
Comment #4

အိပ်မက်ထဲမှာ နင့်ကိုတွေ့တယ်
နင်တို့နှစ်ယောက် လက်ချင်းတွဲ ငါ့ရဲ့အဝေးကို ထွက်သွားမယ်တဲ့
ငါ မယုံဘူးလေ

မိုက်တယ်ဗျာ …….. ခံစားချက်ထပ်တူလို့ အားပေးသွားပါတယ် ……….

commentinfo By: arkar at Mar 18, 2012
Comment #5

စာသားလေးတွေကိုရင်ကိုတိုက်ရိုက်ထိတယ်…..
အားပေးသွားတယ်နော်…..

commentinfo By: ကြယ်စင်နတ်သမီး at Mar 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment