Professional Authors

ဒုတိယ နှလုံးသား (night^ )

ငါ့မှာ …
ဒုတိယ နှလုံးသား သာရှိခဲ့ရင်

မိုးသောက် နှင်းပွင့်တို့ဟာ …
နေဝင်ဆည်းဆာအတွက် မသိခြင်းလင်္ကာဖြစ်သလို
ငါ့ရင်ခုန်သံကို
မင်း … သဲ့သဲ့တောင် ကြားရမှာမဟုတ်ပါဘူး

ငါ့မှာ …
ဒုတိယ နှလုံးသားသာ ရှိခဲ့ရင်

တခုမှာ မင်းပုံရိပ်လေးတွေ သိမ်းဆည်း
နောက်တခုနဲ့ နေပေါင်းများစွာ လဲသွားသည့်တိုင်
ငါ မှိုင်ဆွေး ငေးတမ်း ပါ့မယ်

ငါ့မှာ …
ဒုတိယ နှလုံးသားသာရှိရင်

မနက်တခါ
ည တခါ
ငါ့ ရှိုက်သက်ပြာ တွေကို
မင်း အလိုကျ အပျင်းပြေ ရိုက်ခွဲလို့ရမှာပဲ

ငါ့မှာ …
ဒုတိယ နှလုံးသားသာရှိခဲ့ရင်

ပထမဆုံး နှုတ်ဆက်အပြုံးသာ
ငါတို့ သုံးစွဲခဲ့မယ်လေ
ချစ်တယ်ဆိုတဲ့စကား
ယောင်လို့တောင် ပြောမသွားပါဘူး

ငါ့မှာ …
ဒုတိယနှလုံးသား သာရှိခဲ့ရင်

ငါ့ရန်သူတို့
မင်းနှုတ်ခမ်း နှင်းဆီဖြူမှာ
နန်းဆောင်တခု စိုက်ထူသွား ကြတဲ့အခါ …
ငါ့ နှလုံးသားရဲ့ ကြေကွဲဒဏ်ရာတွေကို
ကျန်တခုက ပွေ့ဖက်ကုသပေးပါလိမ့်မယ်

ငါ့မှာ …
ဒုတိယ နှလုံးသားသာ ရှိခဲ့ရင်

အထီးကျန် နှလုံးသားဆိုတဲ့
သီချင်း စာသားတွေကို
ကိုယ်တိုင်ကိုယ်ကျ ဟားတိုက်ရယ်မောပစ်မယ်

ငါ့မှာ …
ဒုတိယ နှလုံးသားသာရှိခဲ့ရင်

မင်း ဝေးသွားတဲ့အခါ
ကောင်းကင်ကြီးကို မျှော်ငေးနေမယ့်အစား
ငါ့ရင်ခွင်မှာ ဝိုင်ခါးခါးတခွက်ကို ပက်ဖျန်းလို့
တမ်းချင်းတပုဒ်ကို ညည်းဆိုနေမယ်လေ

ကောင်မလေးရယ် …
ငါ့မှာ …
ဒုတိယ နှလုံးသား သာရှိခဲ့ရင်

မင်း ပေးတဲ့အမုန်းတွေကို
အပြုံးမပျက်ခံယူပါရဲ့

night^

In: ကဗျာ Posted By: Date: May 25, 2010
Comment #1

ကောင်းမလေးရယ်ငါ့မှာ ဒုတိယနှစ်လုံးသားသာရှိခဲ့ရင် မင်းပေးတဲ့အမုန်းတွေကို အပြုံးမပျက်ခံပါရဲ့

commentinfo By: Zin Min at Jun 19, 2010
Comment #2

ငါမှာဒုတိယနှလုံးသားသာရှိခဲ့မယ်ဆိုရင် မင်းနဲ့ချစ်ခဲ့စဉ် ကတည်းက ငါမွေးကတည်းကပါလာခဲ့
တဲ့နှလုံးသားတစ်ခုကိုမင်းအတွက် ရင်ခွဲပြီးထုတ်ပေးခဲ့ပါတယ်ချစ်သူလေးရယ်

commentinfo By: ကြယ်စင် at Aug 11, 2010
Comment #3

တကယ်ကောင်းတယ်..ကြိုက်တယ်…

commentinfo By: အသဲကွဲမိုး at Oct 8, 2010
Comment #4

တစ်ယေက်နဲ့ အဆင်မပြေရင် နောက်တစ်ယောက်ပေါ့
ဘာများဆန်းလို့လဲ ဒီတစ်ယောက်နဲ့ကွဲရင် နောက်တစ်ယောကနဲ့တွဲ လို့ ပြောကောင်းပြောကြလိမ့်မယ်
ဒါပေမယ့် ငါ့မှာ ဒုတိယ နှလုံးသားမရှိတာ မင်းတို့မသိပါဘူး
တကယ်လို့ ငါ့မှာ ဒုတိယ နှလုံးသား သာရှိခဲ့ရင်……

commentinfo By: gadounlay at Jan 31, 2011
Comment #5

တစ်ယေက်နဲ့ အဆင်မပြေရင် နောက်တစ်ယောက်ပေါ့
ဘာများဆန်းလို့လဲ ဒီတစ်ယောက်နဲ့ကွဲရင် နောက်တစ်ယောက်နဲ့တွဲ လို့ ပြောကောင်းပြောကြလိမ့်မယ်
ဒါပေမယ့် ငါ့မှာ ဒုတိယ နှလုံးသားမရှိတာ မင်းတို့မသိပါဘူး
တကယ်လို့ သူ့မှာ(nightbird) ဒုတိယ နှလုံးသား သာရှိခဲ့ရင်……

commentinfo By: gadounlay at Jan 31, 2011
Comment #6

ငါ့မှာ …
ဒုတိယ နှလုံးသားသာရှိခဲ့ရင်

မင်း ဝေးသွားတဲ့အခါ
ကောင်းကင်ကြီးကို မျှော်ငေးနေမယ့်အစား
ငါ့ရင်ခွင်မှာ ဝိုင်ခါးခါးတခွက်ကို ပက်ဖျန်းလို့
တမ်းချင်းတပုဒ်ကို ညည်းဆိုနေမယ်လေ……

commentinfo By:ူlaypyae at Feb 19, 2011
Comment #7

nightbird ရဲ့ ကဗျာလေး တွေ ကောင်းတယ်

Comment #8

mike de,
mike de,

commentinfo By: ei lay at Aug 19, 2011
Comment #9

ဒုတိယ နှလုံးသား သာ ရှိခဲ့ မယ် ဆို …………………………

commentinfo By: အသဲကွဲမိုး at Nov 8, 2012
Comment #10

တကယ်ပါ….. ဒုတိယ နှလုံးသား သာရှိခဲ့မယ်ဆိုရင်တော့

commentinfo By: နွေ at Mar 16, 2013
Comment #11

ငါ့မှာ …
ဒုတိယ နှလုံးသား သာရှိခဲ့ရင်

မင်း ပေးတဲ့အမုန်းတွေကို
အပြုံးမပျက်ခံယူပါရဲ့)
ကဗျာလေးတွေ အရမ်းကောင်းတယ်နော်

commentinfo By: chawchaw at Mar 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment