Professional Authors

ဘီလူးနက္ခတ်နဲ့ ငါ့ရဲ့ ပန်းဆက်လမ်း (night^ )

ငါ့ရဲ့ …
ပြာလွင်သော အိပ်မက်တိုင်းပြည်မှာတော့
မင်းဟာ …
ရိုးသားမှုတွေ အစီအရီနဲ့ တားထားတဲ့…
မကောက်ကွေ့သော မြစ်နဒီပေါ့

ငါ့ နှလုံးသားရဲ့
ကြေမွကွဲအက်ခြင်း ပြယုဂ်ဟာ …
မင်း နှုတ်ခမ်းပါး မာယာရဲ့
မှန်နန်းရာဇဝင်တပုဒ်တော့ဖြစ်နေပါလိမ့်မယ်

ချစ်သူရယ် …
ဒီ ရင်ခွင်က
ဧကရီမဲ့ ခန်းဆောင်ယဲ့ယဲ့မှာ …
ငါ့ကိုယ်ငါ
အိပ်ဖန်စောင့်အဖြစ် …
ခန့်အပ်ခဲ့ချင်ပါတယ်

ဘာအတွက်လဲ …
အပြုံးလေးတခု နှုးညံစွာလင်းလက်ဖို့
ဘီလူးနက္ခတ်တွေနဲ့
ကိုယ့်ကိုကိုယ်
ပေါက်ကျဲဖြန့်ကျက်လိုက်စမ်း …

နွေဦးတို့ အဆက်ဆက်
ဒီလို …
အပြုံးပန်းဆက်လမ်း အပြန်မှာတော့ …
တဦးတည်းသော ပျော်တော်ဆက်က
နှလုံးသွေး ရပ်လျှက်ပေါ့ကွယ်

night^

In: ကဗျာ Posted By: Date: May 25, 2010  
Comment #1

မကောက်ကွေ့သော မြစ်နဒီပေါ့…
အဲ..နော်ကတော့နဲနဲကောက်ကွေ့တယ်(နောက်တာ..ဟီး)
ဒီကဗျာလေးလဲကြိုက်ပါတယ်..

commentinfo By: နော်ဧရာဝတီ at Jul 31, 2010
Comment #2

ချစ်သူရယ် …
ဒီ ရင်ခွင်က
ဧကရီမဲ့ ခန်းဆောင်ယဲ့ယဲ့မှာ …
ငါ့ကိုယ်ငါ
အိပ်ဖန်စောင့်အဖြစ် …
ခန့်အပ်ခဲ့ချင်ပါတယ်

ဒီစာသားကိုအရမ်းကြိုက်ပါတယ်

commentinfo By: ဖြိုး at Oct 2, 2010
Comment #3

ငါ့ နှလုံးသားရဲ့
ကြေမွကွဲအက်ခြင်း ပြယုဂ်ဟာ …
မင်း နှုတ်ခမ်းပါး မာယာရဲ့
မှန်နန်းရာဇဝင်တပုဒ်တော့ဖြစ်နေပါလိမ့်မယ်………….
..ခံစားချက်တွေကို မြင်ရစေတယ်………

commentinfo By: အသဲကွဲမိုး at Oct 8, 2010
Comment #4

နွေဦးတို့ အဆက်ဆက်
ဒီလို …
အပြုံးပန်းဆက်လမ်း အပြန်မှာတော့ …
တဦးတည်းသော ပျော်တော်ဆက်က
နှလုံးသွေး ရပ်လျှက်ပေါ့ကွယ်
ကောင်းတယ်ဗျာ

Comment #5

wow,,,,
mike de kwar,

commentinfo By: ei lay at Aug 19, 2011
Comment #6

ငါ့ နှလုံးသားရဲ့
ကြေမွကွဲအက်ခြင်း ပြယုဂ်ဟာ …
မင်း နှုတ်ခမ်းပါး မာယာရဲ့
မှန်နန်းရာဇဝင်တပုဒ်တော့ဖြစ်နေပါလိမ့်မယ်…………

commentinfo By: May Kha at Feb 18, 2012
Comment #7

ဘီလူးနက္ခတ်နဲ့ ငါ့ရဲ့ ပန်းဆက်လမ်း

commentinfo By: အသဲကွဲမိုး at Nov 8, 2012
Comment #8

ကောင်းလိုက်တာဗျာ…လေးစားပါတယ်

commentinfo By: TK at Nov 8, 2012
Comment #9

ဟုတ်တယ်…..ကောင်းလိုက်တဲ့ အချစ်ကဗျာလေး….လေးစားပါတယ်

မိကေသွယ်

commentinfo By: sawkaythwe at Dec 4, 2012
Comment #10

ဒုတိယအကြိမ်မြောက် ရောက်ခဲ့ပြန်တယ် ကောင်းလိုက်တာဗျာ.. တန်ပါတယ် ဒီကဗျာလေးအတွက်လာရတာ..

လေးစားလျက်

commentinfo By: နိုးဆက် နေ့ at Dec 30, 2012
Comment #11

ငါ့ရဲ့ …
ပြာလွင်သော အိပ်မက်တိုင်းပြည်မှာတော့
မင်းဟာ …
ရိုးသားမှုတွေ အစီအရီနဲ့ တားထားတဲ့…
မကောက်ကွေ့သော မြစ်နဒီပေါ့

ငါ့ နှလုံးသားရဲ့
ကြေမွကွဲအက်ခြင်း ပြယုဂ်ဟာ …
မင်း နှုတ်ခမ်းပါး မာယာရဲ့
မှန်နန်းရာဇဝင်တပုဒ်တော့ဖြစ်နေပါလိမ့်မယ်

ချစ်သူရယ် …
ဒီ ရင်ခွင်က
ဧကရီမဲ့ ခန်းဆောင်ယဲ့ယဲ့မှာ …
ငါ့ကိုယ်ငါ
အိပ်ဖန်စောင့်အဖြစ် …
ခန့်အပ်ခဲ့ချင်ပါတယ်

ဘာအတွက်လဲ …
အပြုံးလေးတခု နှုးညံစွာလင်းလက်ဖို့
ဘီလူးနက္ခတ်တွေနဲ့
ကိုယ့်ကိုကိုယ်
ပေါက်ကျဲဖြန့်ကျက်လိုက်စမ်း …

နွေဦးတို့ အဆက်ဆက်
ဒီလို …
အပြုံးပန်းဆက်လမ်း အပြန်မှာတော့ …
တဦးတည်းသော ပျော်တော်ဆက်က
နှလုံးသွေး ရပ်လျှက်ပေါ့ကွယ်

(ကျွန်တော် ကဗျာဆရာ့ကို လေးစားတာက အဲဒီကွန်မန့်ကြီးထက် အများကြီးပိုရှည်ပါတယ်ဗျာ…
သိပ်ကောင်းတဲ့ကဗျာမို့ တတိယအကြိမ်လာဖတ်တာတောင် တန်နေတုန်းပါ..။ အားပေးပါ့မယ်ဆိုမှ ကိုညငှက်ရဲ့ ကဗျာတွေ မြင်ကို မမြင်ရတော့ဘူး….

ကဗျာဆရာရေ…အားကျတယ်

commentinfo By: နိုးဆက် နေ့ at Jan 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment