Professional Authors

နွေလကူး (ငွေတာရီ)

ဥဩတွန်ကျူး
နွေလကူး၍
လေရူးဆော်သွေး
ပန်းစုံမွှေးလည်း
ချစ်တေးချိုချို သူမဆို။ ။

 

ပဇ္ဇုန်ရွှင်မြူး
နတ်စည်ကျူး၍
သုတ်ဖြူးဆော်သွေး
လျှပ်ခြည်ပြေးလည်း
ချစ်တေးချိုချို သူမဆို။ ။

 

ငွေနှင်းပက်ဖျန်း
မြူမှုန်လွှမ်း၍
မြိုင်တန်းမှုန်မှေး
နှင်းရည်ဖွေးလည်း
ချစ်တေးချိုချို သူမဆို။ ။

In: ကဗျာ Posted By: Date: Mar 15, 2012
Comment #1

ဥဩတွန်ကျူး
နွေလကူး၍
လေရူးဆော်သွေး
ပန်းစုံမွှေးလည်း
ချစ်တေးချိုချို သူမဆို။ ။

commentinfo By: May Kha at Mar 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment