Professional Authors

မှား

ဖြစ်သင့်တာ ရဲ့ လက်တမ်း (အလို) ကူးခတ်ချင် ခဲ့/လိုက် တာ
အကြည့် စူးစူး ရဲ့ ညှို့ချက် ထဲ မူးမေ့ချင်ခဲ့တာ (တစ်နည်း) ရူးမိုက် ချင်လိုက်တာ
သိတယ် …….ဒါလဲ …..ငြိတယ်…..
” မင်း ကို ထိ တယ် ” တဲ့
ထိန်းတယ် …….ဒါလဲယိမ်းတယ်….
(အင်း) ငါ့မှာ ချစ်သူရှိတယ်

စိတ်က ထိန်း…..နှလုံးသားက တိမ်း……ဒါလဲ …….သစ္စာတွေ (သင့် / ညံ့) တယ်
(အင်း) ငါ့မှာ ချစ်သူရှိတယ်…

ဒွိဟ ကငါ့ကိုသတ်တယ်
အရင် နဲ့ နောက် က မြင်ရယုံ နဲ့ လှမ်းကွာ လွန်း…..တော့
နောက် ဘ ၀ ဆိုတာ ပဲ ငါယုံ ပြီး ထုံ ကျင် လျက် ရေ တွေ ပဲ ဆက်တိုက် ငုံရင်း…

ဖန်သားပြင်တွေ ၇က်လုပ် (ငါ့ကိုယ်ငါ ပါဆယ်ထုပ် ) တမဟုန်ချင်းတွေ ပဲ ဖြစ်တည်

အင်နဲ့ အားနဲ့ ..ဖျော့ဖျော့ တော့တော့ နောက် ဆုတ်လိုက်တယ် ….

အင်း ….ငါ့မှာချစ်သူရှိတယ်…

သံယောဇဉ် ( တစ်ကြိမ်တခါ ၏ မှားယွင်းမှု )မနက် ၁ နာရီ ၂၃ မိနစ် on 26

In: ကဗျာ Posted By: Date: Mar 13, 2012
Comment #1

arr pay twar par d

commentinfo By: ei lay at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment