Professional Authors

လူနောက် (or) လူကြောက်

“ငါနင့်ကိုအရမ်းချစ်တယ်ဟာ နင်ရော်”….

တိတ်ဆိတ်သွားတဲ့ချစ်သူလေး….ခဏစဉ်းစား….

နားလည်ရခက်တဲ့ အပြုံးတစ်ခုနဲ့ ငါ့ဘက်လှည့်လာတဲ့မျက်နှာလေး….

ငါ့ကိုတစ်ခုခုပြောဖို့ လှုပ်သွားတဲ့နှုတ်ခမ်းလေး….

ငါ့ရင်ဘတ်တစ်ခု နှလုံးခုန်ရပ်တန့်….

ရုတ်တရက် ချစ်သူ့မျက်ဝန်းထဲ တစ်ခုခုကို ငါတွေ့လိုက်သလို…..
အထိတ်တလန့်…..ငါ့မျက်လုံးကို မှိတ်ပြစ်တယ်….
“ငါ စတာပါဟာ”….ငါ့နှုတ်ကထွက်တဲ့ စကား…
ချစ်သူ့မျက်နှာလေး ငါနားမလည်တဲ့ အပြုံးတစ်ခုထပ်ပြုံးတယ်….
ပြီးတော့ “လူနောက်”…တဲ့….

ငါ့ရင်ဖွင့်ဖက်ဘော်ဒါတွေကတော့….
ငါ့ကို “လူကြောက်”..တဲ့…

အော်…နေခြည်…
နင့်မျက်ဝန်းထဲတွေ့လိုက်တဲ့ အရိပ်လေး…
ငါမှားတယ်ဘဲဖြစ်ပါစေလေ….
နင်ငြင်းလိုက်မှာကို…ခံနိုင်တဲ့ သတ္တိ ငါ့မှာမရှိ….
တစ်သက်လုံးလည်း ရှိမှာမဟုတ်….
ငါဟာ  “လူကြောက်” ပါ…။

In: ကဗျာ Posted By: Date: Mar 12, 2012
Comment #1

arr pay twar par d,,
ma kyauk par ne lu nout lay ye,

commentinfo By: ei lay at Mar 14, 2012
Comment #2

Thanks par!….^_^

commentinfo By: SaiLin at Mar 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment