Professional Authors

ဒါအချစ်မဟုတ်ဘူး အရူးထခြင်းတဲ့လား

နင်ပြောသလို
ဒါအချစ်မဟုတ်ဘူး အရူးထခြင်းတဲ့လား
နင်သတ်မှတ်တဲ့ အချစ်ဆိုတာ
နင်ရှာဖွေနေတဲ့ မျှော်လင့်ချက် ရည်မှန်းချက်
နှိုင်းယှဉ်သတ်မှတ်ရင်တော့ အရူးထခြင်းပေါ့

ဟုတ်မှာပါ အချစ်ဆိုတာ အရူးထခြင်း
နင်လွှတ်ကနဲပြောတဲ့ စကားတစ်ခွန်းကြောင့်
တစ်ဖက်လူ ပျော်ရွှင်မှု ပျက်စီးခဲ့တာတောင်
လှောင်ပြုံးလေးနဲ့ ဆောရီးတဲ့လား

ဟုတ်မှာပါ ငါအရူးထမိတယ်
ငါ့အနားမှာ မနေနိုင်တဲ့ချစ်သူကိုမှ
သူ့မျက်နှာကိုကြည့် စကားပြောချင်ခဲ့တာ
လက်ကိုတင်းတင်းဆုပ်ရင်း ရင်ဆိုင်ချင်ခဲ့တာ
နင်သတ်မှတ်သလို အရူးထခြင်းဆိုရင်………

မျက်ဝန်းထဲ ၀ဲတက်တဲ့ မျက်ရည်
ပြန်ကြားယောင်မိ နင့်နှုတ်ဆက်စကား
အလွမ်းပြေထပ်ကြည့်မိ
တိမ်ပေါ်က လေယာဉ်တစ်စင်း
နင်ရော ငါ့လို အရူးထပါ့မလား………..

In: ကဗျာ Posted By: Date: Mar 11, 2012
Comment #1

လင်း…..
ခံစားအားပေးသွားပါတယ်ဗျာ….

commentinfo By: poem.poem28 at Mar 11, 2012
Comment #2

ငါ့အနားမှာ မနေနိုင်တဲ့ချစ်သူကိုမှ
သူ့မျက်နှာကိုကြည့် စကားပြောချင်ခဲ့တာ
လက်ကိုတင်းတင်းဆုပ်ရင်း ရင်ဆိုင်ချင်ခဲ့တာ
နင်သတ်မှတ်သလို အရူးထခြင်းဆိုရင်…

commentinfo By: kantkawmg at Mar 12, 2012
Comment #3

arr pay phat shu twar par d,
linn ye chit thu ka linn ko chit loh sa tar nay hmar pop,
don’t b nervous.
fighting.

commentinfo By: ei lay at Mar 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment