ငိုလိုက်ကြစို့သူငယ်ချင်း
ငိုလိုက်ကြစို့သူငယ်ချင်း
ငယ်စဉ်တောင်ကျေး ဟိုး…ကလေးဘ၀တုန်းက
ဆာလည်းငို နာလည်းငို လိုလည်းငို စိတ်မကြည်လင်လည်းငို
ရှိုက်ကြီးတငင်ငို အသံကုန်ငို လူးလှိမ့်ငို မရပ်မနားငို အားရပါးရငို
အဲဒီငိုခြင်းတွေထက် ထူးကဲတဲ့အရသာ ဘယ်မှာမှမရှိ……။
ဒီနေ့အရွယ်ရောက်ပြီး ကျွန်တော်တို့လူကြီးတွေ ငိုရင်
အမြင်မတော်ဘူးတဲ့ ကလေးကလားတဲ့ ပျော့ညံ့သူတဲ့
ယောက်ျားမပီသသူတဲ့ မရင့်ကျက်သူတဲ့ အသည်းငယ်သူတဲ့
မငိုသင့်ဘူးတဲ့ မငိုရဘူးတဲ့ အသည်းမာရမယ်တဲ့
သူများထက်ဦးအောင် ပြုံးနိုင် ရယ်နိုင်မှ
ရင့်ကျက်သူတဲ့ လူလိမ်မာတဲ့ လူ့ပညာရှိတဲ့
ယောက်ျားဆိုတာ မျက်ရည်မကျကောင်းဘူးတဲ့…..။
အရွယ်ရောက်ပြီး တို့လူကြီးတွေဆိုတာလည်း
ဆာတတ်တယ် နာတတ်တယ် လိုအင်ဆန္ဒတွေရှိကြတယ်
တာကြောင့် တို့လူကြီးတွေ ဘာကြောင့်မငိုကြရမှာလဲ
ဆာလောင်မှုတွေ နာကြင်ခံစားမှုတွေ ပူပင်သောကတွေဟာ
နှလုံးသားမှာ ဦးနှောက်တွေမှာ ဗလပွနဲ့တောင်
အရွယ်ရောက်ပြီး တို့လူကြီးတွေ မငိုရတော့ဘူးတဲ့လား…..။
သိပ်တော့မကြာလှသေး ဟိုတစ်နေ့လေးတုန်းကမှ
ဘယ်သူတစ်စုံတစ်ယောက်မှ မရှိတဲ့
မျက်ခင်းလွင်ပြင်ကျယ် အရပ်မှာ
ပက်လက်လှန်ပြီးငို မှောက်ရပ်အိပ်ပြီးငို
ငို………ငို……..…ငို………ငို…..…
စမ်းပြီးငိုကြည့်တာ မရလာတဲ့အခါ
ဝမ်းနည်းအားငယ်လာပြီး မျက်ရည်တွေမြေမှာကျ
မနုဿမျက်ရည်ဆိုတာ မေတ္တာတို့ရဲ့
ဖူးပွင့်ခြင်း သင်္ကေတဖြစ်ကြောင်း
မြေကြီးမဟီ သက်သေတည်ပါစေသတည်း…..။
မနုဿ လူသားတွေဆိုတာ
အသွေး အသား နှလုံးသားတွေနဲ့
လူမှန်ရင် လူဆန်စွာ အခက်အခဲတွေရှိမယ်
အလွမ်း အဆွေး အငိုတွေရှိမယ်
လူဖြစ်ကတည်းက မျက်ရည်တွေ မျက်ရည်ကန်တွေ
ပါးစပ်တွေ နာရည်တွေ ပါရှိလာတယ်
တာတွေကို အသုံးပြုပြီး မငိုကြဘူးဆိုရင်
တို့တွေဟာ လူသားစစ်စစ်ရယ်လို့ ခေါ်ထိုက်ပါ့မလား…..။
ပြင်းထန်တဲ့ စိတ်ဒဏ်ချက်တွေကြောင့် တောင့်တင်းသွားတဲ့
ခန္တာတစ်ခုလုံးရဲ့အကြောအမျှင်တွေ ပြေလျှော့စေဖို့
ငိုကြွေးခြင်းထက် ကောင်းတဲ့ဆေး ဘယ်မှာရှိလဲ
စိတ်ဒဏ်ရာကြောင့် ပူဆွေးဝမ်းနည်းလာတဲ့အခါ
မငိုချင်တဲ့အရောင် ဆောင်ထားခြင်းနဲ့ လူသားတွေရဲ့
မေတ္တာရည်တွေ မခြောက်ခန်းစေဖို့
ငိုလိုက်ကြစို့ သူငယ်ချင်း
မင်းငိုရင် ငါအားပေးနှစ်သိမ့်မယ်
ငါငိုရင် မင်းနှစ်သိမ့်အားပေးပါ
ယောက်ျားတို့မျက်ရည် မြေပေါ်ကျ
မီးထတောက်စမ်းပါစေ သူငယ်ချင်း……။
ခွန်ကြယ်ဖြူ(ဆီဆိုင်)
Comment #2
Hello….
Dear, friend
Thanks so much about that you leaved comment on my pages. And I really happy with your an encouragement, of course.
By: ခွန်ကြယ်ဖြူ at Jul 31, 2010
Comment #3
ဒို့ တော့ မှတ်မိတဲ့ အ၇ွယ် ငယ် ဘ၀မှာ မငိုမိအောင်ဟန်ဆောင်တင်းထားခဲ့ တယ်.. ၀မ်းနည်းစ၇ာတွေနဲ့ ကြုံ၇တဲ့ အခါတွေမှာ…. ငိုတာ မကောင်းဘူးလို့ ထင်ခဲ့ လို့  အတုယူခဲ့ လို့ ပေါ့  လူကြီးတွေကို…စိတ်ထဲမှာ ကာလတော်တော်ကြာကြာဝမ်းနည်းနေခဲ့ ၇တယ်.. သိမ်းဆည်းထားတဲ့ အတွက်
စာလေးတခုဖတ်မိ၇ာကနေ စိတ်ကူးပြောင်းသွားတယ်…ငိုစ၇ာကြုံလာ၇င် ငို၇မယ်ပေါ့ .. သူေ၇းတာကတော့ ၇ှူဒေါင့် တမျိုးကနေပါ.. ဈေးသည်တယောက် ဈေးတောင်းမှောက်တာကို ၇ီကြတဲ့ ဆယ်ကျော်သက်လေးတွေ ထဲ သူ့ သမီး ပါမှာ စိုးတယ်ဆို ပီးေ၇းတာ…လူသားဆန်၇မယ်. ဒါ စိတ်မကောင်းစ၇ာ ၇ီစ၇ာမဟုတ်ပေါ့ …အဲဒီစာ လေးဖတ်ပီးတော့  ငါ လည်း ငိုလောက်တဲ့ ဝမ်းနည်းစ၇ာကြုံ၇င် ငိုသင့် တယ် လို့ စိတ်ဝင်လာတယ်.. ခုတော့ ငိုစ၇ာ၇ှိယင် လူကြီးဖြစ်ပေမယ့် ငိုပါတယ်….. မခင်မင်သူတွေက ပိုတယ်ထင်ပေမယ့်  ထပ်တူ ခံစားနားလည်ပေးတဲ့ မျက်၇ည် ကူကျပေးတဲ့ သူငယ်ချင်းတွေကြောင့် စိတ်ဒဏ်၇ာတွေ သက်သာ၇ာ မြန်မြန်၇ခဲ့ တယ်… ဒို့ တော့ ငို ချင်လာ၇င် ထိန်းမထားနဲ့ နှလုံးေ၇ာဂါ၇တတ်တယ်လို့ တောင် ထင်မိတယ်
By: သော်တာ at Sep 11, 2010
Comment #4
ငိုလိုက်ကြစို့သူငယ်ချင်း……တဲ့လား…မင်းငိုရင်ငါအားပေးနှစ်သိမ့်မယ်…..ငါငိုရင်မင်းနှစ်သိမ့်အားပေးပါ…ဆိုတဲ့စကားလေးကတကယ့်ကိုရိုးရှင်းပြီးပြည့်စုံနေတယ်။
By: yoemei at Sep 18, 2010
Comment #5
Thanks for that you leaved me a comments
By: ခွန်ကြယ်ဖြူ at Sep 19, 2010




11611 masterpieces
34811 comments
3729 members
974 pc authors
Comment #1
အရွယ်ရောက်ပြီး တို့လူကြီးတွေဆိုတာလည်း
ဆာတတ်တယ် နာတတ်တယ် လိုအင်ဆန္ဒတွေရှိကြတယ်
တာကြောင့် တို့လူကြီးတွေ ဘာကြောင့်မငိုကြရမှာလဲ
ဆာလောင်မှုတွေ နာကြင်ခံစားမှုတွေ ပူပင်သောကတွေဟာ
နှလုံးသားမှာ ဦးနှောက်တွေမှာ ဗလပွနဲ့တောင်
အရွယ်ရောက်ပြီး တို့လူကြီးတွေ မငိုရတော့ဘူးတဲ့လား…..။
အရမ်းကိုကောင်းတာပါပဲ.
…ယောက်ျားပဲဖြစ်ဖြစ်..မိန်းမပဲဖြစ်ဖြစ်..အရွယ်ရောက်ပြီး လူကြီးတွေ.ငိုခွင့်မရတော့တာ..ပိုပြီးခံစားရပါတယ်…