Professional Authors

ဓါးသွားပေါ်က ည

ဓါးသွားပေါ်က ည

 

တကယ်လို့များ

ကျွန်တော်က အားလုံးကို ထားသွားရင်

ကျွန်တော့်ကို မြေမြှပ်ပေးကြပါ ( မပုပ်မသိုးခင် )

ကျွန်တော့်အုတ်ဂူကို ထုံးဖြူဖြူပဲ သုတ်ပေးပါ

ကျွန်တော့် အမည်နာမနောက်မှာ

မွေးရက် သေရက်ကလွဲလို့ ဘာမှမထည့်နဲ့

ဖြစ်နိုင်ရင် ( ဖြစ်နိုင်မယ်ဆိုရင် )

သေပြီးတဲ့နောက် ကျွန်တော်တွေ့ချင်တဲ့သူတွေ ရှိတယ်

ဆရာရွှေဘုန်းလူနဲ့ တွေ့ချင်တယ်

ဆရာသျှပ်မှူးကျော်နဲ့ တွေ့ချင်တယ်

ကျွန်တော့်အဘိုးနဲ့ တွေ့ချင်တယ်

သူတို့ ကျွန်တော့်ကို ဘာတွေပြောကြမလဲ

တမလွန်မှာ လက်ဖက်ရည်ကောင်းကောင်းရှိရဲ့လား

ကျွန်တော်သေရင် ဘာဖြစ်မလဲ …. ဘယ်သူသိလဲ

ကျွန်တော် ရေးခဲ့ဖူးတယ် “ အားရပါးရ သေချင်တယ် ” လို့

အနိုင်နဲ့ပိုင်းခွင့် ရချင်တယ် ငါ … လောက နဲ့ လူတွေရယ်

Mercykilling လို့ပဲ ခေါင်းစဉ်တပ်ပေးရမလား

ကိုယ့်ကိုကိုယ် ဓါးသွားပေါ် တင်ခဲ့တဲ့ည

ဘယ်လိုဖြစ်တယ် မသိဘူး

အမှောင်တွေ မရှုမလှ ကျဆုံးခဲ့ရတယ်

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Mar 9, 2012
Comment #1

ဘာပဲပြောပြော ဆြာက ဆြာပါပဲ ဆြာချီရယ် 😀

commentinfo By: မောင်မြတ်သူ at Mar 9, 2012
Comment #2

ကိုယ့်ကိုကိုယ် ဓါးသွားပေါ် တင်ခဲ့တဲ့ည

ဘယ်လိုဖြစ်တယ် မသိဘူး

commentinfo By: thetnaung at Mar 9, 2012
Comment #3

သေပြီးတဲ့နောက် ကျွန်တော်တွေ့ချင်တဲ့သူတွေ ရှိတယ်
……
.
နှစ်သက်စွာအားပေးသွားပါသည်

commentinfo By: အသဲကွဲမိုး at Mar 19, 2012
Comment #4

နောက်တခေါက်ဖတ်သွားတယ်ဆရာ

commentinfo By: အသဲကွဲမိုး at Jun 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment