Professional Authors

သမိုင်း

ယိုင်နဲ့နေတဲ့
ရိုးသားခြင်းတွေနဲ့
ရှိစုမဲ့စု သိက္ခာတရားကို
ငါ ကာကွယ်ခဲ့တယ်
သစ္စာတရားကို
အတ္တနဲ့ ဖော်ကျူးကြည့်ကြပါစို့
အချစ်ဆိုတဲ့ စကားကို
ရေလဲ လို သုံးခဲ့ဖူးတယ်
ရင်ဘတ်ထဲကမပါရင်
ဘာမှ မလုပ်တတ်ပေမဲ့
မျက်နှာဖုံးနဲ့ ပြုံးပြခဲ့ဖူးတယ်
မာယာခြင်းပြိုင်
နိုင်လိုစိတ်တွေနဲ့ မှားခဲ့ပေါ့
အမှောင်တွေဖုံးတဲ့
ညကိုလဲ နှစ်သက်ခဲ့တယ်
အနိုင်အရှုံးမရှိတဲ့
တိုက်ပွဲတွေအတွက်
ငါ့ သရုပ်ဆောင်မှုတွေနဲ့
ဇာတ်ညွှန်းကို ပီပြင်စေခဲ့တယ်
ဒါကြောင့်…..
ပေစွန်းနေတဲ့ ဆန္ဒတစ်ချို့ ကို
စာရွက်ဖြူပေါ်မှာ
မွေးဖွားလိုက်တယ်
တစ်ချိန်မှာ
သမိုင်းဖြစ်စေပေါ့…….။

မုတ်သုံ

In: ကဗျာ Posted By: Date: Mar 7, 2012
Comment #1

သမိုင်းတွေ လှနေရော အစ်ကိုရေ~~အားပေးခံစားခဲ့ပါကြောင်း

ဂျစ်ပစီ(မင်းမင်း)

commentinfo By: minminjipsy at Mar 7, 2012
Comment #2

history?
so nice,

commentinfo By: ei lay at Mar 7, 2012
Comment #3

… ရင်ဘတ်ထဲကမပါရင်
ဘာမှ မလုပ်တတ်ပေမဲ့
မျက်နှာဖုံးနဲ့ ပြုံးပြခဲ့ဖူးတယ်

… အနိုင်အရှုံးမရှိတဲ့
တိုက်ပွဲတွေအတွက်
ငါ့ သရုပ်ဆောင်မှုတွေနဲ့
ဇာတ်ညွှန်းကို ပီပြင်စေခဲ့တယ်

commentinfo By: kantkawmg at Mar 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment