Professional Authors

အိပ်မက် ခရီးသည်

ကောင်မလေးရယ် …
ပြန်ဆုံမယ့် မျှော်လင့်ချက်
အနည်းငယ် ရင်မှာ ပွေ့ပိုက်
တစ်ဖက်သတ် စိတ်ကူးတချို့နဲ့
အချိန်တွေကို ရေတွက်နေရင်း
ကို … လွမ်းနေပါတယ် …

အွန်လိုင်းရဲ့ လမ်းမတစ်လျှောက်
အချစ်ပန်းရနံ့ …. ထုံသင်း
နှလုံးသား ရင်ခွင်တံတိုင်းပေါ်
အုံ့အုံ့လေး … မှိုင်းနေတဲ့
တိမ်တွေလည်း မျှော်နေရှာတယ် …

လေပြေ .. အတိုင်း
တရိပ်ရိပ် လွင့်မျောနေတတ်တဲ့
ချစ်သူရဲ့ အကြင်နာ အိပ်မက်တွေ
အမှန်ဖြစ်ခွင့် … ပြုပါတော့ကွယ် … ။

Zero Boyz ( [email protected] )

In: ကဗျာ Posted By: Date: Mar 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment