Professional Authors

တန်ဖိုး

 

သစ်ရွက် ကြွေတော့

အမှိုက်လို့ မေးငေါ့ကြတယ်

မီးရှို့ကြ..

လွင့်ပစ်ကြနဲ့..

အလုပ်ရှုပ်တယ် ထင်ကြတယ်

လေတိုက်လို့ပဲ ဖြစ်ဖြစ်..

ရာသီဥတု ပူလို့ပဲ ဖြစ်ဖြစ်..

အိုမင်းလို့ပဲ ဖြစ်ဖြစ်..

အမှိုက်အနေထက် ပိုမလာတက်ပါဘူး

စိမ်းစို လန်းဆန်းနေတုန်းကဆို

လှလိုက်တဲ့ အပင်ကြီး..

အရွက် အလက်တွေ စုံနေလိုက်တာဆိုပြီး

ပန်ချီရေးတဲ့ သူနဲ့..

ကာရံ နဘေနဲ့ အလှဆင်တဲ့သူနဲ့..

ခန်းနားနေလိုက်တာ

ရွက်မစုံ လက်မစုံတော့မှ

(သံဝေဂ တရား ရှေ့မရောက်သေးခင်)

အပြောင်းအလဲ မြန်လိုက်ကြတာများ

အော်..

အဲဒီရွက်ခြောက်လေးတွေက

ကမ္ဘာမြေရဲ့ အလှအတရားအတွက်

ပန်းပင်တွေ ရှင်သန်လှပစေတယ်..

အသီးအနှံများ ဆထက်တပိုး ကြီးမားအောင်

ဖန်ဆင်းပေးစေတယ်..

မြေသြဇာ အဖြစ်နဲ့ လောကကြီးကို

အသုံးတည့်စေတယ် မဟုတ်ပါလား..

မကြွေခင်လဲ အလှဆင်

ကြွေသွားတော့လဲ အလှဆင်ဆဲပါ

(ဒီအတွက် ရွက်ကြွေရယ်

မင်းကြွေတော့ ဘယ်သူမှ မငိုလို့ ဆိုပြီး

ဝမ်းနည်းမနေပါနဲ့

လောကကြီးကို အလှဆင်ဖို့

ပေးဆပ်ရတာပါလားလို့ ဂုဏ်ယူလိုက်စမ်းပါ)

In: ကဗျာ Posted By: Date: Mar 5, 2012
Comment #1

ကဗျာပုံစံလေးက…ဖွဲ့သီပုံလှတယ်ဗျ…

commentinfo By: poem.poem28 at Mar 5, 2012
Comment #2

အားပေးသွားပါတယ်

commentinfo By: nate thit at Mar 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment