Professional Authors

ကဗျာ ဆရာလဲ မဟုတ်/ စာရေးဆရာလဲ မဟုတ်

စာရေးဆရာလဲ မဟုတ်
ကဗျာဆရာလိုလဲ မခံယူဝံ
ဒါပေမယ့်
ဝမ်းနည်းစရာ ရုပ်ရှင်ကြည်မိရင်
ဝမ်းနည်းမိတယ်
ပျော်ရွင်စရာဆိုရင်လဲ
အတိုင်းထက်မသိ
ပီတိဖြစ်လို့ပါ
ခံစားလွယ်တာတော့ မဟုတ်ပါဘူး
ခံစားမှုပြည့်တဲ့
စာတွေ သီချင်းတွေ
ကြားမိ ဖတ်မိရင်
မဖော်ပြတက်တဲ့
အားအင်တွေ ချိနဲ့မှုတွေ
စီးဆင်းသွားတက်တော့
စာသားတွေကို ခံစားမှုနဲ့
သီကုံးရင် သီကုံးမိမယ်
ကာရံတွေနဲ့ အလှအပ
ဆင်ရင် ဆင်မယ်
စကားလုံးတွေနဲ့ အကြောင်းအရာတွေ
ရေးမိရင် ရေးမိလိမ့်မယ်
အဟုတ်ပြောတာ
ကျနော် ကဗျာဆရာလဲ မဟုတ်
စာရေးဆရာလဲ မဟုတ်ပါ..
(ရေးချင်တာ ရေးထားခြင်း ဖြစ်ပါသည်
သည်းခံ ဖတ်ပေးကြပါ..)

In: ကဗျာ Posted By: Date: Mar 3, 2012
Comment #1

he,,he,,,
so nice,,
can express the truth of the real life so well.

commentinfo By: ei lay at Mar 4, 2012
Comment #2

ရေးချင်တာရေးထားတာက စိတ်၏စေရာ ဖော်ညွန်းချက်တွေကောင်းလှချေလားဗျ 🙂

commentinfo By: sharon myorr myor at Mar 4, 2012
Comment #3

ရေးချင်တာရေးထားတာ ဒီလောက်ကောင်းနေရင်…

commentinfo By: kantkawmg at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment