Professional Authors

ဘက်ချင်းပြောင်းပြန်ရန်ပွဲ (တာရာမင်းဝေ)

ဒင်္ဂါးပြားကိုတောင် လက်နဲ့ မလှည့်နိုင်ပဲ
ဘီယာဆိုင်ထိုင်သောက်သူလို
ဘဝက တစ်ခွက်တည်းနဲ့ ငိုတယ်။

သူ့မှာဖြင့် လူညွန့်တုံးရုံတင်မဟုတ်ပဲ
လူပန်း လူပွင့်ပါ ဘုန်းဘုန်းလဲပြီ တဲ့။

အပွဲပွဲ ရှုံးခဲ့သမျှ သည်ပွဲမှာလည်း မနိုင်ဘူး
ဖရဲသီးတန်မယ့်
သကြားဖြူးခံထားရသလိုမျိုး … နာတယ်။

ကွာ…
မင်းကိုငါ .. ဘယ်နှစ်ခါ မီးဖွင့်ပေးရမလဲ
ငါလည်း အခုမှ သံချပ်ကာအကျီ င်္ ချွတ်ပြီးကာစ …

တံခါးကို ပိုဟလိုက်ရင် အလင်းရောင် ပိုရမှာပေါ့
မင်းမယုံရင် ငါ ဘယ်သူ့ကို မေးပေးရမလဲ …

အဲဒီလိုနဲ့
ကျွန်တော်နဲ့ ကျွန်တော့်ဘဝလေး
ဓမ္မသီချင်းတစ်ပုဒ်စာ ဝေးသွားတယ်။ ။

တာရာမင်းဝေ

Comment #1

အပွဲပွဲ ရှုံးခဲ့သမျှ သည်ပွဲမှာလည်း မနိုင်ဘူး
ဖရဲသီးတန်မယ့်
သကြားဖြူးခံထားရသလိုမျိုး … နာတယ်။

အဲဒီလိုနဲ့
ကျွန်တော်နဲ့ ကျွန်တော့်ဘဝလေး
ဓမ္မသီချင်းတစ်ပုဒ်စာ ဝေးသွားတယ်။ ။

commentinfo By: အသဲကွဲမိုး at Mar 7, 2012
Comment #2

အဲ့လိုကဗျာလေးတွေတင်ပေးတဲ့ မဖြိုးဖြိုးကိုကျေးဇူးတင်ပါတယ်

commentinfo By: loafer at Jun 8, 2012
Comment #3

ဆရာတာယာတစ်ယောက်ကောင်းရာမွန်ရာလားပါးစေ ……………………….

commentinfo By: naymintaw at Dec 2, 2012
Comment #4

အပွဲပွဲ ရှုံးခဲ့သမျှ သည်ပွဲမှာလည်း မနိုင်ဘူး
ဖရဲသီးတန်မယ့်
သကြားဖြူးခံထားရသလိုမျိုး … နာတယ်။

အရမ်းသဘောကျတယ် LIKE

commentinfo By: Aye Chan at Jul 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment