Professional Authors

ဟယ်လင် ထံ အသနားခံစာ

 

အဲဒီ အချိန်မှာ မ အနားတိုးကပ်ပြီး
အသက်ရှုသံ မြန်ခဲ့ဖူးတယ်
ဘယ်လိုများတွေးမလဲ
မတူညီတာတွေ စုစည်းလို့
တွေဝေခဲ့ သွားဖူးတယ်
ဟို အရင် တစ်ချိန်ဆုံတာလေးကို
ပြန်တွေးကာကြည့်လို့
မှတ်တိုင်တွေ ဖြတ်သန်းသွားမယ်
မဟောင်းသေးတဲ့ အတိတ် လေးမှာ
မျက်ရည်တွေ ဝေသွားဖူးတယ်
မငိုပါဘူး၊ မရယ်ပါဘူး
နူးညံ့တဲ့ မ အကြည့်တွေကြောင့်
နှလုံးခုန်သံ ရပ်သွားဖူးတယ်
မယုံပါဘူး
Love at first sight ဆိုတာ ကို
မ နဲ့ တွေ့မှ အဲ့ဒီအကြောင်းအရာတွေပြာကျသွားတယ်
ယုံကြည်မှုတွေ တည်ဆောက်လို့
တံတားလေးခင်းမယ် စိတ်ကူးဖူးတယ်
စိတ်ကူးနဲ့ ရူး၊ အပြတ်မပြောနဲ့ အခု
ရင်ဘတ်ထဲ နာလာတာ
ဒီအတွေးတွေ အခုနှိပ်စက်လို့
ကာရန်တွေ နဘေ တွေ မလိုပါ
ချစ်တာ တခုပဲသိတယ်
အလွမ်းတွေ အမုန်းတွေ မလိုပါ
ချစ်တာ တခုပဲသိတယ်
ကြက်သရေ အပြည့်နဲ့ ကျွန်တော့် ရဲ့ မ
ကြယ်ကြွေ တို့ ခြံရံလျှက်
နတ်ဘုရား တို့ ၀ပ်ပျရသော
ပျော်ရွှင်ခြင်းတို့ ၏ မိခင်
ငြိမ်းချမ်းမှု၏ ကိုးကွယ်ရာ
မေ့မရတဲ့ အတိတ်တွေနဲ့ ချော့သိပ်ပါ မ ရယ်
ကျွန်တော့်မှာ မနက်တိုင် မျှော်လင့်ချက်အသစ်နဲ့ စစ်ဆင်
ညအိပ်ရာဝင်တိုင်း အလွမ်းပြေ အတိတ်ကို တွေးတော
နေ၀င်နေထွက် တွေကို ဖြတ်သန်း
မ ကတော့ ကျွန်တော့် သစ်တောအုပ်လေးထဲ
ငေးတောင် မကြည့်သွားဘူး
ကိစ္စတော့ မရှိပါဘူး
ဒဣာရီ ဆိုတာ မြင့်မြတ်သူတွေ အတွက်မှ မဟုတ်တာ
ကျွန်တော့်တကိုယ်ရေ မှတ်ဥာဏ်ထဲ သိမ်းထားလို့
မ သိစရာတောင်မလိုပါဘူး
မ အတွက် ဆံနွယ်စတွေ လှုပ်ခတ်သွားစေတဲ့ လေပြေညှင်း လောက်တောင် တန်ဖိုးမရှိပါဘူးလေ။

In: ကဗျာ Posted By: Date: Feb 29, 2012
Comment #1

wow,,,,,,,,,,,
so much pure kind-hearted innocent love?

commentinfo By: ei lay at Feb 29, 2012
Comment #2

love at first sight?
r u sure?

commentinfo By: ei lay at Mar 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment