Professional Authors

အလွမ်းတဲ့ မနက်ဖြန်ရဲ့နာမည်က

ခွဲခွာခြင်းဟာ တိမ်တိုက်တွေလို ရွေ့လျားလို့
မငိုပါဘူး ရင်ထဲကနာကျင်လျှက်နဲ့..
မနက်ဖြန်ကိုတွေးတိုင်း
ပန်းနုရောင်ပွင့်ဖတ်လေးနဲ့တူတဲ့ မ မျက်နှာလေးရယ်..
တငွေ့ငွ့ကျန်ရစ်မဲ့ မ ရဲ့ ပုံရိပ်လေးတွေ…
ကောင်းကင်ကြီးကိုတောင် အုပ်မိုးပစ်မဲ့ ဒီ လွမ်းဆွေးခြင်းတွေက
ဆောင်းဦးရဲ့ အချမ်းဒဏ်ကို မတွေးမိနိုင်ဘူး
မာရ်နတ် ကို အံတုမဲ့ ဒီ အတွေးတွေထဲ
ဟိုးအရင်က မ အကြောင်းတွေးရင်း..
ကမ္ဘာပေါ်က လက်အဖျားလေးနှစ်ခု ထိမိခဲ့ခြင်းတွေ
မျက်ဝန်းနှစ်ခု ထိခတ်မိစဉ် လွင့်စင်သော အဓိပ္ပါယ်မဖော်နိုင်ခဲ့တဲ့ ဘာသာစကား
နာရီတွေနဲ့ ကြိုတင် လုယက်ခဲ့သော ဆုံတွေ့မှုတွေ
မနေ့ကတင် ဒီနေရာမှာ တွေးမိတဲ့အတွေးတွေဟာ…
မနက်ဖြန်မှာ အတိတ်ထဲတိုးဝင်မှုန်ဝါးပျောက်ကွယ်သွားမှာ..
မတွေးရဲတဲ့အတွေးဟာ..
ခုဆို သွေးကြောထဲပျံ့နှံ့လို့
အပြင်ကမ္ဘာမှာတော့ အရာအားလုံးဟာ လှပဆဲ
ဒီ ပြက္ခဒိန်ကိုမဆုတ်ဖြဲလိုက်ကြပါနဲ့
ငါဟာ မနက်ဖြန်ကိုမရောက်ချင်ဘူး…
ဒီနေ့မှာပဲအမြဲနေချင်တယ်…
ခုဆို မ ပြုစားခဲ့သော နေ့ရက်များထဲ
ယစ်မူးလို့…

In: ကဗျာ Posted By: Date: Feb 29, 2012
Comment #1

i like both title & words

commentinfo By: ei lay at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment