Professional Authors

ဗျာဒိတ်

 

ကြယ်တွေကြွေတဲ့မြစ်ထဲ
ငါ့ကို အကြိမ်ကြိမ်ခုန်ဆင်းခိုင်းရင်တောင်
တောက်ပြောင်မှုတခုတလေ တောင် ပါလာမှာမဟုတ်ဘူး။
ဒီလိုပဲ ငါ့မျက်ဝန်းထောင်ချောက်တွေမှာ
အကြိမ်ကြိမ်ပြန်မိ
မနက်တိုင်း သံခြေကျင်းတွေလို စိတ်လေးလံမှုနဲ့ မျက်နှာသစ်
ဟိုးးအဝေးမှာ အရိပ်သဲ့သဲ့လေးမြင်နေရင်တောင်
မ လို့ ထင်မှတ်နေတဲ့ ငါ
မနက်ဖြန်ဟာ ကြိုးမိန့်ကျထားတဲ့အကျဉ်းသားပဲ
ဒိုင်ယာရီ နဲ့ ငါ့ အတွေးတွေထဲ
လွတ်လပ်စွာ ခုန်ကူးနေတဲ့ မ
အိပ်မက် အဖျားလေးအဖြစ်
မ ရဲ့နာမည်တောင်မသိခဲ့ရဘူး။
တကယ်တော့ ငါဟာ ဇာတ်လမ်းအဆုံးက စ ခဲ့တော့…..

In: ကဗျာ Posted By: Date: Feb 29, 2012
Comment #1

harrrrrrrrrrrrr
koh chit ya de thu ye name ko taung ma ti bu,,
tay like par dot kwar,,

commentinfo By: ei lay at Feb 29, 2012
Comment #2

ဟိုးးအဝေးမှာ အရိပ်သဲ့သဲ့လေးမြင်နေရင်တောင်
မ လို့ ထင်မှတ်နေတဲ့ ငါ

commentinfo By: kantkawmg at Mar 1, 2012
Comment #3

လူတစ်ယောက်ကို ချစ်မိသွားရင် အလိုလို အကျဉ်းသား ဖြစ်သွားသလား။ သတ်မိန့်မပေးပေမဲ့ သေဒဏ်ကျ အကျဉ်းသား ဖြစ်နေသလား။

commentinfo By: laminsandar at Mar 1, 2012
Comment #4

htet p arr pay twar par d,

commentinfo By: ei lay at Mar 30, 2012
Comment #5

အားပေးပါ။
အိလေး ကို သတိထားမိတယ် ကောမင့်တော်တော်ပေးတာပဲ။ ကဗျာကိုတော်တော်ချစ်တယ်ထင်တယ်။
လမင်းစန္ဒာ …ကိုယ့်အနာဂတ်မရှိတော့သလိုပေါ့။သူ့အတွက် အရာရာ ကိုယ် ဖြစ်နေချင်တာပါ။

commentinfo By: kozay at Mar 30, 2012
Comment #6

he,,he,,hote,,
ei lay ka poem phat like p so tar ne comment 1 khu dot pay de,,
tate ma kyike yin dot arr pay twar par d pop,,,he,,he,,
dar hma poem yae de thu le arr shi hmar pop,,
wai phan dar dot khan naing ya me naw,,,he,,he,,
poem yae de thu tway ko a yan lae sar de,,,daw lun loh,
ei lay ka bar hma yae tat bu,,(nga tone)

commentinfo By: ei lay at Mar 30, 2012
Comment #7

မဟုတ်ဘူး။ မရေးတတ်တာမဟုတ်ပါဘူး။ ၀မ်းစာလည်းရှိအုံးမှ… ဒီလိုအဖတ်များတော့ ခံစားရင်း ရေးမိချင်ရေးမိမှာပါ။
ကျနော့်တုံးကလဲ ဖတ်ရင်းဖတ်ရင်း နဲ့ စိတ်ပါလာပြီးရေးမိသွားတာ .. ဟိုးအရင်တုံးက ရေးခဲ့တာတွေကနေ အခုထိ စိတ်ကူးယဉ် မပါဘူး… သက်ဆိုင်ရာ ဇာတ်ကောင်တွေကြောင့် ဒီကဗျာတွေထွက်လာတာပါ။
မောင်ချောနွယ်ပြောသလို ရင်ဘတ်ချင်းဂျက်ပင် ထိုး ရာ က ကဗျာတွေ ရေးမိသွားတာပါ။ …

commentinfo By: kozay at Mar 30, 2012
Comment #8

he,,he,,
hote,,kyay zu par,
tay char par de ei lay poem yae phyit me ma htin par bu,

commentinfo By: ei lay at Mar 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment