Professional Authors

ဂန္တ၀င်ည

 

အိပ်မက်ထဲမှာ တွေ့ရတာ ပျော်စရာကောင်းလှပါတယ်။
မ လက်ကလေးဆုပ်ကိုင်ဖို့
နောက်ပြန်လှည့်ကြည့်စဉ်
မြင်လိုက်ရတဲ့ လမင်းလေးဟာ
သေဆုံးတော့မဲ့သူကိုတောင် ဘ၀င်မှာပျော်မွေ့စေပါတယ်

အိပ်မက်ထဲမှာ တွေ့ရတာ ပျော်စရာကောင်းလှပါတယ်။
ဘယ်တော့မှ မသေဆုံးနိုင်မဲ့ အချစ်တွေဟာ
မ ပါးပြင် က သွေးကြောစိမ်းလေးတွေလို
ပထမဆုံးအကြည့်မှာ
ခံနိုင်ရည်စွမ်းတွေ တလွှာပြီးတလွှာကွာကျခဲ့ရ

အိပ်မက်ထဲမှာ တွေ့ရတာ ပျော်စရာကောင်းလှပါတယ်။
နှလုံးခုန်သံတိုင်းဟာ
မ ရဲ့ ခပ်မျှင်းမျှင်း အကြည့်တွေနဲ့
နှလုံးသား ကို ငွေဓားမြှောင်နဲ့ တဖြေးဖြေးထိုးစိုက်လိုက်သလို
ဗလောင်ဆူပွက်ခဲ့ရပါတယ်

အိပ်မက်ထဲမှာ တွေ့ရတာ ပျော်စရာကောင်းလှပါတယ်။
ဖွေးဖွေးဖြူတဲ့ လက်မောင်းသားလေးတလျှောက်
ပန်းရောင်ဖွဖွလေးပြေးနေတဲ့ ညလေးဟာ
မေ့ထားလို့ မရတဲ့ ဂန္တ၀င်သတို့သမီး
နတ်တို့ထွန်းညှိတဲ့ စိတ်ကူးများဟာ
အမြဲတမ်း ဆက်လက်ရှင်သန်မယ်

အိပ်မက်ထဲမှာ တွေ့ရတာ ပျော်စရာကောင်းလှပါတယ်။
ဒီလိုနဲ့ ပဲ…..
အရမ်း ချစ်တယ်
အရမ်း ချစ်တယ်
အရမ်း ချစ်တယ် … ကယောင်ကတမ်းရွတ်ဆိုနေရင်း…

အိပ်မက်ထဲမှာ တွေ့ရတာ ပျော်စရာကောင်းလှပါတယ်။

In: ကဗျာ Posted By: Date: Feb 29, 2012
Comment #1

wowwwwwwwwww
a yan a yan ko chit phoe kaung p,,,yin khone sa yar kaung p,,,,lu ko phan sar naing taw ga na win nya ang met lay par,,

commentinfo By: ei lay at Feb 29, 2012
Comment #2

ကောင်းတယ်ဗျာ

commentinfo By: kantkawmg at Mar 1, 2012
Comment #3

read again par

commentinfo By: ei lay at Mar 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment