Professional Authors

အိမ်သူလေးရဲ့….အလွမ်းခေါ်သံ

 

သစ်ရွက်လေး..အပေါ်..သစ်ကိုင်းရဲ့.စွဲလမ်းမှုမျိုး

ညလေးညှင်း..အတွက်..နံနက်ခင်း..လင်း..ပ သလိုမျိုး

နေ့မသိ…ညမကြည့်..အခါ..အလပ်..မရှိစွာ

ငါဟာ..မင်းကိုတမ်းတ

မှန်းဆ..ပြီးတော့….နမ်းတတ်ခဲ့တယ်။

 

မမြင်ဖူးပါဘူး..ဒီလိုအချစ်ဆူးမျိုးလည်း

ရူးလောက်အောင်အစွမ်းပြ

ကိုယ်ဟာ..မင်း..မှ..မင်း ကို..သတိရနေမိတာလည်း.

အခါခါ။

 

ခန္ဓာသွားတိုင်း..စိတ်ကမယိုင်

မြဲခိုင်စွာ..နင့်အပါး….

ငါ့ဝိညာဉ်..ခစား…လို့…ငါ့ အား ငါ မပိုင်….

ဆုံးဖြတ်နိုင်ခွင့်…မဲ့ခဲ့တယ်။

 

အဆိပ်ကျွေးဖို့..မဟုတ်ခဲ့ဘူး…အရိပ်ကလေးလို..အနား

အမြဲ…မကွာ..ယှဉ်လျှက်..တွဲ…ရပ်ချင်မိသူ

သိပါ

မြင်ပါ

လက်ကမ်းလှည့်ပါ..ငါ့အလွမ်းတို့ရဲ့

ဖန်ဆင်းရှင်ရယ်.

…..။

နင်ရယ်

…………ငါရယ်

…………………တနေ့နေ့တော့…..

နှစ်ယောက်အတူ…လက်တွဲ..ယူ..ဖို့။

 

အိမ်သူ..သက်ထား…ငါ့ကမ္ဘာထဲ..သို့


သက်ပြင်းခြွေ….ရင်နင့်သံများ.

အလျှင်မြန်ဆုံး..လွတ်မြောက်..စေဖို့

……….

 

အိမ်သားလေး နင်…အပြေး…..လှမ်း….လာခဲ့ပါ။


(နင်ရယ်..ငါရယ်….ဘယ်တော့မှ..ထပ်…မဝေးတော့ဘူး)

In: ကဗျာ Posted By: Date: Feb 28, 2012
Comment #1

a yan kyike de,,
a yan kyike de,,
yae yae le le mike de,,”nin ye ngar ye be dot hma htet ma way dot bu”

ma moe,,a yan kaung de,,
wan tar like dar,,,ma moe a te ma kwe dot bu,,
ei lay ka lay kwe de zat lan tway so lone wa ma kyike bu,

commentinfo By: ei lay at Feb 28, 2012
Comment #2

နင်ရယ်

…………ငါရယ်

…………………တနေ့နေ့တော့…..

နှစ်ယောက်အတူ…လက်တွဲ..ယူ..ဖို့။

commentinfo By: zawthetoo at Feb 29, 2012
Comment #3

ကဲဝမ်းသာလိုက်တော့အိမ်သားလေးရေ… အိမ်သူလေးခေါ်နေတယ်ကြားလား….:)

commentinfo By: moezat at Feb 29, 2012
Comment #4

ကျနော်ရှုံးပေးတယ် ( ဟီးးးး တဏှာမှာ ) ဒီကဗျာကြောင့် ..
အာ့လောက်တောင်ချစ်ရသလားဗျ..အရေးအသားးစားးးတယ်ဗျာ…အလေးးးးးးးးးးးပြု

commentinfo By: sharon myorr myor at Feb 29, 2012
Comment #5

သက်ပြင်းခြွေ….ရင်နင့်သံများ.
အလျှင်မြန်ဆုံး..လွတ်မြောက်..စေဖို့……….
အိမ်သားလေး နင်…အပြေး…..လှမ်း….လာခဲ့ပါ။
(နင်ရယ်..ငါရယ်….ဘယ်တော့မှ..ထပ်…မဝေးတော့ဘူး)…..
မမိုး…ရေ..အိမ်သားလေးအမြန်ဆုံးအပြေးပြန်လာပါစေလို့ဆုတောင်းပေးခဲ့ပါတယ်…

commentinfo By: သက်တန့်ရောင် at Feb 29, 2012
Comment #6

အပြင်းစားရိုက်ချက် ~~
လန်းပါပေ့ဗျာ
အားပေးသွားတယ်အစ်မတော်ရေ ။

commentinfo By: X - ray at Feb 29, 2012
Comment #7

အသည်းကွဲမိုး အရေးလေးတွေက အမြဲကောင်းပါတယ်

commentinfo By: kantkawmg at Mar 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment