Professional Authors

ည(၁၉)

ကြယ်တွေ တလှေကြီး ကြွေတဲ့ ညကပေါ့

ကျနော့ ခေါင်မိုးထက်မှာ နှင်းရေတွေ ရွဲရွဲစိုလို့

ကာရံတွေထဲက စွတ်စိုဆဲ ရင်ခုန်သံတွေ

မလိုမတူစွာ ကကြိုးဆင်နေခဲ့တယ်လေ..

 

တကယ်ကို မကြုံဖူးသလို

မြင်နိုင်စွမ်းမရှိတဲ့ ရင်တွင်း လိပ်ပြာလေးက

အတောင်တွေ ထခတ်လို့

ကြယ်ရောင်စုံတွေထဲ ပျံသန်းနေလိုက်တာများ

အံသြလို့ မှင်တက်ရတဲ့ အဖြစ်..

 

အကြောင်းအရာ မတိုင်ဆိုင်ပါပဲ

ခိုးယူခံထားရတဲ့ အတွေးတွေက

စက္ကန့်တိုင်း ခြေရှုပ်နေဆဲ

ရင်ခုန်ခြင်းကို မုသားဆန်ဆန်

ဖြားယောင်းခံနေရဆဲ

အော်..

တစ်ကြိမ်တစ်ခါပဲ ဆုံမိရုံနဲ့

အဲဒီ မျက်ဝန်းလေး အလွတ်ရနေမိခဲ့တယ်

 

အခုလဲ

အချိန်တွေထဲ ပလပ်ခံရလို့

ပြင်ဆင်ချိန်မရတဲ့

အမှောင်တွေ ကြီးစိုးတဲ့ လမ်းကို

သတိတရနဲ့ လျောက်နေမိတယ်

ဒီည ငါမင်းကို အရမ်းလွမ်းတာပဲကွာ!

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

kyike e,,
kwat ti be

commentinfo By: ei lay at Feb 27, 2012
Comment #2

အော်..
တစ်ကြိမ်တစ်ခါပဲ ဆုံမိရုံနဲ့
အဲဒီ မျက်ဝန်းလေး အလွတ်ရနေမိခဲ့တယ်

တကြိမ်ထဲပေမဲ့….

commentinfo By: kantkawmg at Feb 27, 2012
Comment #3

အခုလဲ

အချိန်တွေထဲ ပလပ်ခံရလို့

ပြင်ဆင်ချိန်မရတဲ့

အမှောင်တွေ ကြီးစိုးတဲ့ လမ်းကို

သတိတရနဲ့ လျောက်နေမိတယ်

commentinfo By: sone.pyuu at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment