Professional Authors

ကော်ဖီဆိုင်မြင်ကွင်း………

ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ထိုင်နေတုန်း
အရမ်းချစ်ကြတဲ့ အတွဲတစ်တွဲကို ငေးကြည့်မိရင်း
အားကျမိတဲ့အကြည့်တွေနဲ့
အတွေးစတွေ ပျံ့လွင့်သွားတယ်

တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ချစ်ရက်နဲ့
တစ်ဖြည်းဖြည်းသူစိမ်းတွေဖြစ်ကြတာ
နင့်သဘောထားကို ငါနားမလည်ခဲ့လို့လား
ငါ့ခံစားချက်ကို နင်သဘောမပေါက်ခဲ့လို့လား………..

ချစ်နေရုံနဲ့မပြီးတဲ့ လောကကြီးမှာ
နားလည်မှုဆိုတဲ့ အခြေအုတ်မြစ်မခိုင်လို့များ
စိတ်ကူးယဉ် တိုက်တန်းတွေ ပြိုလဲပျက်စီးခဲ့တာလား…..

အတွေးထဲက နိုးထပြီး စုံတွဲဆီပြန်ကြည့်လိုက်ချိန်မှာ
စိတ်ကောက်နေတဲ့ ကောင်မလေးကို ချော့နေတဲ့ ကောင်လေး
ခဏအကြာ ချစ်စရာအပြုံးနဲ့ ကောင်မလေးမျက်နှာ

ငါ့အတွေးထဲမှာတော့
တို့တွေလည်း ခဏတာ စိတ်ဆိုးစိတ်ကောက်ပြီး
နင့်လက်ကိုပြန်ဆုတ်ကိုင်ခွင့် ရချင်လိုက်တာ…….
ဒါပေမယ့်လည်း မဖြစ်နိုင်တော့တဲ့
အိပ်မက်အတွေးစက ငါချက်ချင်နိုးထရင်း
ကော်ဖီဆိုင်ကမြင်ကွင်းကို နှုတ်ဆက်လိုက်ပါတယ်……….

 

In: ကဗျာ Posted By: Date: Feb 25, 2012
Comment #1

so nice,,
tike sine pone myar,,linn ye,
ha,,ha,,
a khu pe ei lay le Shake tout nay tone e lo g tway tar,,
kwi,,kwi,,rofl,,

commentinfo By: ei lay at Feb 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment