Professional Authors

ဒဏ္ဍာရီထဲမှာ မနေချင်ဘူး…..

အကြိမ်ကြိမ် လိမ်ညာခြင်းခံခဲ့ရသူအဖို့….
အမှန်တရားဆိုတာ….
ယုံတမ်းစကား သက်သက်ပါ….

အကြိမ်ကြိမ် သစ္စာမဲ့ခြင်းခံရသူအဖို့…
သစ္စာတရားဆိုတာ….
ကြားဖူးရုံ သက်သက်ပါ……

အတုအယောင်ချစ်ခြင်းတွေသာ ရရှိခဲ့သူအဖို့….
အချစ်စစ်ဆိုတာ….
ဒဏ္ဍာရီ သက်သက်ပါ…….

ဒဏ္ဍာရီထဲမှာ ကြားဖူးတဲ့
ယုံတမ်းစကားတွေကို
နှလုံးသားနဲ့ နာခံခဲ့သူအဖို့တော့…….
ရင်နှင့်အမျှ ရင်းခဲ့ရတဲ့
ဒဏ်ရာတွေသက်သက်ဟာ
သူ့ရဲ့အဖော်ပြုရာ……..
ငိုချင်ပါလျက်နဲ့
စီးဆင်းခွင့်မရတဲ့ မျက်ရည်တွေဟာ…
သူ့ရဲ့ သစ္စာတရားပါ…….
ညာတာကိုသိလျက်နဲ့
ကျေကျေနပ်နပ်လက်ခံရတာ…
သူ့ အတွက်….
နှစ်သိမ့်ခြင်းပါ……..

အဲဒီ..ဒဏ္ဍာရီထဲက လူတစ်ယောက်ရဲ့
အချစ်စစ်တွေဟာ…
ပုံပြင်တစ်ပုဒ်တော့မဟုတ်ခဲ့ဘူး….
ဒဏ္ဍာရီထဲက လူတစ်ယောက်ရဲ့
သစ္စာတရားတွေဟာ….
ယုံတမ်းစကားမဟုတ်ခဲ့သလို…..
ဒဏ္ဍာရီထဲက အဲဒီလူရဲ့
ဒဏ်ရာတွေ၊နာကြည်းမှုတွေ၊
ခါးသည်းခြင်းနဲ့ မျက်ရည်တွေဟာလဲ……
အတုအယောင်မဟုတ်ခဲ့ပါဘူး…..

ဖြစ်နိုင်မယ်ဆိုရင်….
ကျုပ်….
ဒဏ္ဍာရီထဲကပြေးထွက်ပြီး….
လက်တွေ့ဘ၀ထဲမှာပဲ
ပုံပြင်တွေ နားထောင်ချင်တော့တယ်ဗျာ………….။                       ။

In: ကဗျာ Posted By: Date: Feb 24, 2012
Comment #1

ဖြစ်နိုင်မယ်ဆိုရင်….
ကျုပ်….
ဒဏ္ဍာရီထဲကပြေးထွက်ပြီး….
လက်တွေ့ဘ၀ထဲမှာပဲ
ပုံပြင်တွေ နားထောင်ချင်တော့တယ်ဗျာ………
တစ်ပုဒ်လုံးကောင်းတယ်ဗျာ..အဆုံးသတ်သွားတာလှတယ်…အားပေးလျက်..

commentinfo By: သက်တန့်ရောင် at Feb 24, 2012
Comment #2

ဘာမှနားမထောင်တာအကောင်းဆုံးပါလို့……

commentinfo By: အသဲကွဲမိုး at Feb 24, 2012
Comment #3

ကဗျာလေးကို ကြိုက်တယ်ဗျာ….တကယ်လည်း goodတယ်…

commentinfo By: poem.poem28 at Feb 24, 2012
Comment #4

အဲဒီ..ဒဏ္ဍာရီထဲက လူတစ်ယောက်ရဲ့
အချစ်စစ်တွေဟာ…
ပုံပြင်တစ်ပုဒ်တော့မဟုတ်ခဲ့ဘူး….
ဒဏ္ဍာရီထဲက လူတစ်ယောက်ရဲ့
သစ္စာတရားတွေဟာ….
ယုံတမ်းစကားမဟုတ်ခဲ့သလို…..
ဒဏ္ဍာရီထဲက အဲဒီလူရဲ့
ဒဏ်ရာတွေ၊နာကြည်းမှုတွေ၊
ခါးသည်းခြင်းနဲ့ မျက်ရည်တွေဟာလဲ……
အတုအယောင်မဟုတ်ခဲ့ပါဘူး…

commentinfo By: kantkawmg at Feb 25, 2012
Comment #5

ဖြစ်နိုင်မယ်ဆိုရင်….
ကျုပ်….
ဒဏ္ဍာရီထဲကပြေးထွက်ပြီး….
လက်တွေ့ဘ၀ထဲမှာပဲ
ပုံပြင်တွေ နားထောင်ချင်တော့တယ်ဗျာ…………

commentinfo By: arkarsoe at Mar 3, 2012
Comment #6

so nice,,,
right,,,
lane tar,,,nyar tar tway ko sate kone nay p,,
han saung tar tway ko mone nay p,,
ga u ma sike tar tway kyaunt a yan nar kyin nay p,,
a u loak khan ya tar myar lun loh koh kou ko shat lar p,,
lit hlu shu khan ya tar tway myar lun loh ngo ke ya tar tway myar nay p,,

commentinfo By: ei lay at Mar 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment