Professional Authors

သတိရခြင်း အခမ်းအနား (၇)

မနေ့က နင့်ကို မှတ်မှတ်ရရ သတိရခြင်းတွေ
ရင်မှာ ခမ်းနားလိုက်တာ … နတ်သမီးရေ…
င့ါမှာလေ…. သတိရခြင်း…လွမ်းဆွတ်ခြင်း
အထီးကျန်ခြင်း ….. များနဲ့ မနှစ်ကလို ….
ဒီနှစ်..နွေကို ရင်မဆိုင်ချင်တော့ဘူး။

ဒီနှစ်နွေက ငါ့အပေါ် မကောင်းတော့ဘူးထင်တယ်
ပြန်မလာပါနဲ့…
ပြီးခဲ့တဲ့ ပတ်သက်မှုမှာ
တရားခံ နွေကလည်း အရင်လို
ငါ့ကို ဂရုမစိုက် ငါ့ကို အဖော်မပြု
ငါ့ကို လှည့်စား …….
လွမ်း..လွမ်း…ဆွေး….ဆွေး…နဲ့
မျက်ရည်တွေသာ…
ဒဏ်ရာတွေများသာ ပေး ..
ဒီနွေက အရင်နှစ်တုန်းကလို မဟုတ်
ငါ့ကို သတ်ချင်နေတာ ငါသတိပြုမိပါပြီ။
ပိုပြီးတော့ မီးမပေါ့ဆ ..မီးသတိပြုကြပါ။

နတ်သမီးရေ …
နင်နဲ့ကျမှ၊ အချစ်ဟာ မီး ….
ငါကျေနပ်ပါတယ် ….ငါ ကျေနပ်စွာနဲ့
ငါ့ဘ၀တစ်ခုလုံး လောင်ကျွမ်းပါစေ
ငါ .. ငါတို့ရဲ့အချစ်မီးကို မွှေးလိုက်ဦးမယ်..။

နတ်သမီးရေ——
မနေ့က  ကဗျာရေးဖို့ ကြိုးစားကြည့်တယ်
ဗလာစာရွက်ပေါ်မှာ သတိရခြင်းရက်စွဲတွေ
အတိအကျ ပေးထားတယ်…ဒါပေမယ့်
ကဗျာတစ်ပုဒ်ဖြစ်မလာဘူး …
ဒီကဗျာလည်း သိပ်မခမ်းနားဘူးထင်တယ်

ငါနားမလည်ဘူး …နွေ
ပေါင်းစပ်ခွင့် မပေးရင် ဆုံဆည်းခွင့်လည်းမပေးပါနဲ့
နွေည တွေမှာ ငါ …
ရူးချင်ပြီ …
ဒါပေမယ့် ငါ မမေ့ချင်သေးဘူး
သတိရခြင်းများနဲ့
၂၃/၂/၂၀၁၂ (ကြာသာပတေး)

In: ကဗျာ Posted By: Date: Feb 24, 2012
Comment #1

မနေ့က နင့်ကို မှတ်မှတ်ရရ သတိရခြင်းတွေ
ရင်မှာ ခမ်းနားလိုက်တာ … နတ်သမီးရေ…
င့ါမှာလေ…. သတိရခြင်း…လွမ်းဆွတ်ခြင်း
အထီးကျန်ခြင်း ….. များနဲ့ မနှစ်ကလို ….
ဒီနှစ်..နွေကို ရင်မဆိုင်ချင်တော့ဘူး။…အားပေးသွားပါတယ်ဗျာ..
ဒီနှစ်နွေမှာ အကို့ရင်အေးပါစေဗျာ…

commentinfo By: သက်တန့်ရောင် at Feb 24, 2012
Comment #2

တမ်းတမ်းတတ
လွမ်းရတဲ့နွေ
ပြန်မလာလည်းနေပါစေ
သတိရခြင်းတွေခမ်းနားနေပါတယ်လေ။.

… အားပေးသွားပါတယ်။ ကဗျာလေးကောင်းတယ်။ သတိရခြင်းတွေခမ်းနားတယ်။……

commentinfo By: moezat at Feb 24, 2012
Comment #3

အားပေးသွားတဲ့ ကိုသက်တန့်ရောင် ရယ်၊ ကိုမိုးစက်ရယ် ကျေးဇူးတင်တယ်ဗျာ။

commentinfo By: gadounlay at Feb 24, 2012
Comment #4

ဒီနှစ်နွေက ငါ့အပေါ် မကောင်းတော့ဘူးထင်တယ်
ပြန်မလာပါနဲ့…
ပြီးခဲ့တဲ့ ပတ်သက်မှုမှာ
တရားခံ နွေကလည်း အရင်လို
ငါ့ကို ဂရုမစိုက် ငါ့ကို အဖော်မပြု
ငါ့ကို လှည့်စား …….
လွမ်း..လွမ်း…ဆွေး….ဆွေး…နဲ့
မျက်ရည်တွေသာ…
ဒဏ်ရာတွေများသာ ပေး ..
ဒီနွေက အရင်နှစ်တုန်းကလို မဟုတ်
ငါ့ကို သတ်ချင်နေတာ ငါသတိပြုမိပါပြီ။
တထပ်တည်းကျနေတဲ့အချိန်….တိုက်တိုက်ဆိုင်ဆိုင်အားပေးလိုက်တယ်..ဗျာ

commentinfo By: အသဲကွဲမိုး at Feb 24, 2012
Comment #5

နတ်သမီးရေ——
မနေ့က ကဗျာရေးဖို့ ကြိုးစားကြည့်တယ်
ဗလာစာရွက်ပေါ်မှာ သတိရခြင်းရက်စွဲတွေ
အတိအကျ ပေးထားတယ်…ဒါပေမယ့်
ကဗျာတစ်ပုဒ်ဖြစ်မလာဘူး …
နောက်တခေါက်ဗျာ

commentinfo By: အသဲကွဲမိုး at Aug 13, 2012
Comment #6

မကြီးမိုးလို့ခေါ်မယ်.. ကျွန်တော် ကြိုးစားနေပါတယ်။
မကြီးမိုးကိုလည်း အားပေးနေတယ်ဗျို့။

commentinfo By: gadounlay at Aug 15, 2012
Comment #7

ငါနားမလည်ဘူး …နွေ
ပေါင်းစပ်ခွင့် မပေးရင် ဆုံဆည်းခွင့်လည်းမပေးပါနဲ့
နွေည တွေမှာ ငါ …
ရူးချင်ပြီ …
ဒါပေမယ့် ငါ မမေ့ချင်သေးဘူး
သတိရခြင်းများနဲ့

commentinfo By: အသဲကွဲ မိုး at Oct 9, 2012
Comment #8

htet tu win khan sar pay twar pr tal..gadonelay..yay..

commentinfo By: shwezin myatno at May 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment