Professional Authors

အဝေးသို့ …

 ကျူးပစ်ကို သေနတ်နဲ့ ပစ်ပြီး 
အာဖရိုဒိုက်စ် နတ်သမီးကို သတ်ပစ်မိတော့မယ်။
 ကောင်းကင် ၊ လမင်းနဲ့ ပင်လယ်ပြာ
သူတို့တည်ရှိနေသရွေ့ ငါမင်းကို ချစ်နေမှာ။
        ဒါပေမဲ့ ….. မင်း ၊ ငါ့ကို
ရေတစ်စက် ၊ မြေတစ်ဖတ် သာသာ သဘောထားတဲ့အပြင်
အဆိပ်အငွေ့တွေကို မက်မက်မောမော စုပ်ယူပြီး
ကာရံခြယ်သမှုတွေကို လုလုပပ မှုတ်ထုတ်နိုင်ဖို့
ပါးစပ်ထဲက အကိုက်ခံ ၊ အနာခံ
အစီခံ တစ်ခုအဖြစ်လည်း သွတ်သွင်းတဲ့အခါ
        သွားပေါ့ ……။
ငါမင်းကို ချစ်သလောက်
မင်းကို ချစ်နေတဲ့
ငါ့ကိုယ်ငါ သေလာက်အောင် မုန်းတယ်။
မင်းထင်ချင်သလိုထင်ဖို့
မင်းမျက်နှာကို ပုန်းဖို့
ငါ လေနှင်ရာကို မျောလွင့်တော့မလို့။
နှလုံးသားက ခွင့်မပြုနိုင်ပေမဲ့
ငါမင်းကို နှုတ်ဆက်လိုက်ပါတယ်။
  Good Bye ……

In: ကဗျာ Posted By: Date: Feb 21, 2012
Comment #1

အားပေးပါတယ်….

commentinfo By: SoFarAwayFromU at Feb 21, 2012
Comment #2

good bye,,
c u later naw,,

commentinfo By: ei lay at Feb 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment