Professional Authors

ကျုပ်… အညာခံ လိုက်ရတယ်

တကယ်တော့…
ကျုပ်က ပြောသလောက်လဲ
မ,အ လှပါဘူး…
ဒါပေမယ့်…
ကျုပ် အညာခံလိုက်ရတယ်…..

မျက်ဝန်းလှလှလေးတွေက
ကျုပ်မျက်ရည်တွေကို ခြွေချခဲ့တယ်…..
လက်ဖ၀ါးနုနုလေးတွေက
ကျုပ် အသည်းကို ခြေမွခဲ့တယ်…..
နှုတ်ခမ်း ဖူးဖူးလေးတစ်စုံက
ကျုပ် ဘ၀ကို မြေခ စေခဲ့တယ်…..
ကျုပ် အညာခံလိုက်ရတယ်……..

သူပြောတယ်….
ကျုပ်က သူ့ဘ၀တဲ့
သူ့ဘ၀ကို သူကိုယ်တိုင်ဖျက်ဆီးလိုက်တယ်….
သူပြောတယ်….
ကျုပ်က သူ့အနာဂတ်ဆိုပဲ…
သူ့အနာဂတ်ကို သူကိုယ်တိုင်ပဲ နင်းသတ်ခဲ့တယ်…..

သူ့အပြောအရ….
ကျုပ်က အရာရာဖန်ဆင်းနိုင်တယ်တဲ့….
သူ့လိုအင်တွေဖြည့်ဆည်းပေးပြီးတဲ့နောက်…
ကျုပ်က သုံးမရတဲ့ငနဲတစ်ကောင်…..
ပြီးတော့… ပြောသွားသေးတယ်..
ပြောင်းလဲမှုတိုင်းကို သစ္စာမဲ့ခြင်း လို့
သတ်မှတ်လို့မရဘူးတဲ့……
ကျုပ်.. ဟားတိုက်ရယ်ရင်းနဲ့
အဲဒီ သစ္စာဆိုတာကို
ကျုပ် ရင်ဘတ်ထဲကနေ
ခွဲထုတ်ပြခဲ့တယ်……….

နောက်ဆုံးတော့….
ကျုပ် အသည်းကွဲတယ်….
ကျုပ်… အရမ်းနာတယ်..
နင့်နင့်သည်းသည်းကို နာကြဉ်းတယ်…..
ကျုပ် အချစ်….
ကျုပ် မေတ္တာ…
လှည့်ဖြားခံခဲ့ ရတယ်…..

ပေးဆပ်ခဲ့သမျှ…
နားလည်ခဲ့သမျှ….
စာနာခဲ့သမျှတွေ…
အားလုံး…..
အလကားဖြစ်သွားရလောက်အောင်ကို
ကျုပ် အညာခံလိုက်ရတယ် ဗျာ……...။                          ။

P.S.အညာသားတစ်ယောက်မို့ ကျုပ် လို့ပြောတာ ရိုင်းတယ်တော့မထင်ကြနဲ့ဗျာ……

In: ကဗျာ Posted By: Date: Feb 21, 2012
Comment #1

မရိုင်းပါဘူးဗျာ
စိတ်မကောင်းဘူးမောင်လေး….ပျော်ပျော်နေပါ
အရေးအသားကတော့..နှစ်သက်စရာလေး…ပါ
အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Feb 21, 2012
Comment #2

oh,,sorry to read,,

thu pyu de kan thu htan pyan laint me,,
bar hma sate doke kha khan ma nay par ne,,
thu ko myit tar poh su taung pay like par,,
koh ye say ta nar,,myit tar,,a kyin nar tway ka koh ko yaung pyan hat par de,,
wit kway shi loh pay set ya de loh pe hmat par,

commentinfo By: ei lay at Feb 21, 2012
Comment #3

စကားလုံးတွေက မိုက်တယ်…

commentinfo By: SoFarAwayFromU at Feb 21, 2012
Comment #4

သူ့ရဲ့ပြောင်းလဲတက်တဲ့သစ္စာကို အချိန်မီသိတာ ခင်ဗျားကံကောင်းသွားတာပါ .. 🙂

commentinfo By: နတ်သမီး at Feb 21, 2012
Comment #5

ကဗျာကအရမ်းကောင်းတယ်
ကျွှန်တော်တို့ ခင်ဗျာတို့ နောက်တခါအညာမခံရအောင် သတိထားရတော့မှာပေါ့….

commentinfo By: sky smith at Feb 22, 2012
Comment #6

bar tway myar a yan pay set ke ya tar lar hin?
thu ka daw daw ko a kwint a yae u tat de thu pop naw,

commentinfo By: ei lay at Feb 22, 2012
Comment #7

ပေးဆပ်ခဲ့သမျှ…
နားလည်ခဲ့သမျှ….
စာနာခဲ့သမျှတွေ…
အားလုံး…..
အလကားဖြစ်သွားရလောက်အောင်ကို
ကျုပ် အညာခံလိုက်ရတယ် ဗျာ…

commentinfo By: kantkawmg at Feb 22, 2012
Comment #8

စကားလုံးတွေက အရမ်းမိုက်တယ်

နောက်ဆုံးတော့….
ကျုပ် အသည်းကွဲတယ်….
ကျုပ်… အရမ်းနာတယ်..
နင့်နင့်သည်းသည်းကို နာကြဉ်းတယ်…..
ကျုပ် အချစ်….
ကျုပ် မေတ္တာ…
လှည့်ဖြားခံခဲ့ ရတယ်…..

ပေးဆပ်ခဲ့သမျှ…
နားလည်ခဲ့သမျှ….
စာနာခဲ့သမျှတွေ…
အားလုံး…..
အလကားဖြစ်သွားရလောက်အောင်ကို
ကျုပ် အညာခံလိုက်ရတယ် ဗျာ………။
”ကျုပ်“ လို့ ထည့်သုံးလိုက်တာ မရိုင်းပါဘူး
ပိုပြီး ထိတယ်ဗျ။
အားပေးသွားတယ်။

commentinfo By: gadounlay at Feb 22, 2012
Comment #9

မျက်ဝန်းလှလှလေးတွေက
ကျုပ်မျက်ရည်တွေကို ခြွေချခဲ့တယ်…..
လက်ဖ၀ါးနုနုလေးတွေက
ကျုပ် အသည်းကို ခြေမွခဲ့တယ်…..
နှုတ်ခမ်း ဖူးဖူးလေးတစ်စုံက
ကျုပ် ဘ၀ကို မြေခ စေခဲ့တယ်…..
ကျုပ် အညာခံလိုက်ရတယ်……..

commentinfo By: zawthetoo at Feb 29, 2012
Comment #10

ထိမိငြိရှ
ကျုပ်ခိုက်တယ်ဗျာ

commentinfo By: sharon myorr myor at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment