Professional Authors

ရုန်းရင်း ကန်ရင်း (ငွေတာရီ)

လေထန်တိုင်းသာ ပွင့်ကြွေပါမူ၊
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်၊
တရက်တခါ ကြုံမြဲသာတည့်။

ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊ အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊ ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပေ၊
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
ရုန်းရကန်ရမည် တကား။ ။

In: ကဗျာ,ငွေတာရီ Posted By: Date: Feb 18, 2012
Comment #1

hman like lay chin,,,
hman pay chin,,

commentinfo By: ei lay at Feb 18, 2012
Comment #2

ကျွန်တော် အမှန်ကို တည့်ပေးပါရစေ
အမှတ်လွဲကြမှာစိုးလို့ ပါဗျာ။
မူလတင်ထားတဲ့ post ပိုင်ရှင်ကို ကန့်လန့်တိုက်ခြင်းမဟုတ်ပါ။

“အမှောင်တ၀က် လင်းတ၀က်သည်၊

တရက်တခါ ကြုံမြဲသာတည့်။”

ဆိုတဲ့ အပိုဒ်နဲ့ 

“ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊

လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊”

အပိုဒ် အကြားမှာ

“အရှုံးတစ်လှည့်၊ နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ၊ တွေ့ မြဲသာတည့်။”

ဆိုတဲ့  ကဗျာတစ်ပိုဒ်ကျန်နေပါသေးတယ်ခင်ဗျာ။

ပြီးတော့
ဒီကဗျာရှင်ဟာ ငွေတာရီ မဟုတ်ပါဘူးခင်ဗျာ

ငွေတာရီ မဂ်ဇင်းမှာ 1970 ဧပြီလမှာ ပါခဲ့ တဲ့ 
အေးငွေ ဆိုသော ကဗျာဆရာ ရေးခဲ့ တာဖြစ်ပါတယ်။

ဒီကဗျာကို အဖွင့်ကဗျာအနေနဲ့  အေးငွေ ၏ ပန်းဝင်္ကပါ ကဗျာများစာအုပ်
ထုတ်ဝေခဲ့ ပါတယ်။
သူနဲ့  အထက်တန်းပြ ဆရာဘဝမှာ ကျွန်တော်တပည့်ဖြစ်ခဲ့ ဘူးပါတယ်။
ယခုတော့ ဆရာကြီးဆုံးသွားပါပြီဗျာ။

ဆရာ့ ကဗျာကို ပြန်တွေ့ ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

commentinfo By: beshope at Jan 27, 2013
Comment #3

beshope အခုလိုထောက်ပြတာကို ကျေးဇူးအထူးတင်ပါတယ်။ မှတ်စုစာအုပ်ထဲ ကူးအရေး လိုသွားတာ၊ ငွေတာရီစာအုပ်ဆိုတာ မမှတ်ထားမိလိုက်ဘဲ ငွေတာရီ ပဲရေးထားလိုက်မိတာ ကျွန်တော် မှားကြောင်း ဝန်ခံယူပါတယ်။

commentinfo By: Kant Kaw Mg at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment