Professional Authors

နင်နဲ့မှ …

နင့် ကဗျာတစ်ကြောင်း
ငါ အရာရာထက် ပိုမက်ပါတယ် …
ငါ့ကမ္ဘာမှာ နင့်ကိုချစ်တဲ့စိတ်တခုကလွဲရင်
အရာအားလုံးက အမှောင် …
ဘာဆို ဘာမှ မမြင်တော့လောက်အောင်
စုံလုံးမက ကန်း .. ။
ဘာပဲဖြစ်ဖြစ်ပါ … ဘာပဲဖြစ်ဖြစ်ပေါ့ …
ငါ နင့်နားရှိမယ် …
နင် ငါ့နားမရှိလဲ ငါ နင့်နားရှိမယ် …
သူနဲ့မှ ငါနဲ့မှ … အဲ့ သတ်မှတ်ချက်တွေ ခဏဘေးချိတ် ..
နင် ပျော်မယ်ဟုတ် …
နင့်အပြုံးတွေပဲ ငါ အလိုပါရှိတယ် … ။
ထပ်ပြုံးပြပါဦး …
အဲ့ဒိအပြုံးမျိုး .. နင်ကလွဲ ဘယ်သူမှ မပြုံးတတ်ဘူး …
ဘေးကျပ်နံကျပ် ..
တခါတလေ အသက်ရှုပါရပ်တယ် … ။
အဆင်ပြေပါတယ် …
တချို့အချိန်ကျတော့လဲ
အဆင်ပြေအောင်နေလိုက်ရ … ။
အကြောင်းမဲ့ သ၀န်တိုတာတော့
မဟုတ်ရဘူးလေ …
ကိုယ်တန်ဖိုးထားရတဲ့အရာဆိုတော့လဲ
ကိုယ်တစ်ယောက်ထဲ တန်ဖိုးထားချင်မိရုံ … ။
နေမြင့်ရင် အရူးရင့်တယ်လို့ ပြောကြတယ်ဟုတ် ..
ငါ့အတွက် မွန်းတည့်ဆိုတာ
တစ်နေ့မှာ နှစ်ဆယ့်လေးနာရီ .. ။
ကိုယ်တိုင်က ပိုးဖလံ တစ်ကောင်ဖြစ်ချင်မှတော့
မီးကို ကြောက်လို့ မရဘူးနော် …
မီးလျှံကြားမှာ တစ်ကိုယ်လုံးပူခြစ်
ကိုယ့်ကိုယ်ကို သဂြိုဟ်ခဲ့တဲ့ ညတွေရှိတယ်. ..
ဒါပေမယ့် ..
နင်နဲ့အတူရှိနေတဲ့
စက္ကန့်များစွာ … နာရီအနည်းငယ်အတွင်း …
နင့် ပခုံးပေါ်ခေါင်းမှီ … နင့်စကားတွေ နားထောင်ရင်း
ငါ့ဝိဥာဉ် က အသစ်ပြန်ဖြစ်ရဲ့ …
ဒီလိုနဲ့ပဲ ငါ့ဘ၀ သံသရာလည်
နင့်စိတ်နဲ့ပဲ ငါ့အတွေးတွေ မောင်းနှင် …
နင့်အပြုံးနဲ့ ငါ့နေ့ရက်တွေ ရှေ့ဆက် ..
နင့်ဒေါသနဲ့ ငါ့မျက်ရည်တွေ အတားအဆီးမဲ့ …
ဟုတ်ပါရဲ့  … ငါလဲ နင်နဲ့မှပဲ အရူးမကို ဖြစ်တော့တာပဲကွယ်  … ။ 

In: ကဗျာ Posted By: Date: Feb 18, 2012
Comment #1

အားပေးသွားပါတယ်ဗျာ……

commentinfo By: moehtetaung18 at Feb 18, 2012
Comment #2

tay p,,sayar,,
tay loh ya de sa ka lone a g g tway a myar g tone htar de,,
tay p,,,
tay p,,,

commentinfo By: ei lay at Feb 18, 2012
Comment #3

nge lay ye,,
shin 1 ke ko myat myat noe noe ne chit tar,,,
shin d lout ta baw htar g myat tar,,,
shin d lout nar le pay naing tar,,
shin d lout,,,,
shin d lout taung,,,
shin d lout taung hma,,,,
oh,,,a yan g ko lae sar arr kya mi par de,,,
thu a yan kan kaung tar pe naw,,
shin ka lwe p 1 char 1 yout ko chit loh ma ya par say ne loh su taung pay par de,,

commentinfo By: ei lay at Feb 18, 2012
Comment #4

မအိလေးရေ … ခုအချိန် … ငယ် အပြည့်ချင်ဆုံး ဆုကိုတောင်းပါဆို … ငယ်ကလွဲပြီး တခြားတယောက်ကို ချစ်လို့မရပါစေနဲ့လို့ပဲ ဆုတောင်းမိမှာပါ …
အမ ပေးတဲ့ဆုနဲ့ ပြည့်ပါရစေနော် …
ဖြစ်များဖြစ်နိုင်ခဲ့မယ်ဆိုရင်လေ ….
ဖြစ်နိုင်ခဲ့ရင်ပေါ့ မအိလေးရယ် … ။

commentinfo By: Nge Lay at Feb 18, 2012
Comment #5

why not?
believe urself.

commentinfo By: ei lay at Feb 18, 2012
Comment #6

ဘာဆုပဲ တောင်းတောင်း ပြည့်ပါစေ ငယ်လေးရေ

commentinfo By: kantkawmg at Feb 18, 2012
Comment #7

တကယ်..ခံစားချက်ကဗျာလေးပါပဲဗျာ…
ခံစားအားပေးသွားပါတယ်..

commentinfo By: poem.poem28 at Feb 19, 2012
Comment #8

အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် .. 🙂

commentinfo By: Nge Lay at Feb 19, 2012
Comment #9

နင် ငါ့နားမရှိလဲ ငါ နင့်နားရှိမယ် …
သူနဲ့မှ ငါနဲ့မှ … အဲ့ သတ်မှတ်ချက်တွေ ခဏဘေးချိတ် ..
နင် ပျော်မယ်ဟုတ် …
နင့်အပြုံးတွေပဲ ငါ အလိုပါရှိတယ် … ။
ထပ်ပြုံးပြပါဦး …
အဲ့ဒိအပြုံးမျိုး .. နင်ကလွဲ ဘယ်သူမှ မပြုံးတတ်ဘူး …
ဘေးကျပ်နံကျပ် ..
တခါတလေ အသက်ရှုပါရပ်တယ် … ။
အဆင်ပြေပါတယ် …
တချို့အချိန်ကျတော့လဲ
အဆင်ပြေအောင်နေလိုက်ရ … ။

commentinfo By: ကြယ်စစ်သည် at Feb 19, 2012
Comment #10

ကေါင်းပါတယ်တကယ်ပြောတာ

commentinfo By: ကဗျာချစ်သူ at Feb 19, 2012
Comment #11

ပေါ့ပေါ့ပါးပါးလေး မြင်ချင်ပါတယ်……ခံစားချက်တွေလေးနက်လွန်းတယ်……..
အချစ်ကြီးသူများအဖွဲ့ထဲမှာ လည်းပါလောက်ပါရဲ့………..;)
အာဒံ မသိလိုက်တဲ့ ပန်းသီးတလုံးကို ချစ်မိသူနဲ့ အတူစားခဲ့ကြတာဘဲမဟုတ်လား။
ကောင်းတယ် ထိအောင်ပစ်….။

commentinfo By: alter at Feb 20, 2012
Comment #12

နင့် ပခုံးပေါ်ခေါင်းမှီ … နင့်စကားတွေ နားထောင်ရင်း
ငါ့ဝိဥာဉ် က အသစ်ပြန်ဖြစ်ရဲ့ …

commentinfo By: zawthetoo at Feb 20, 2012
Comment #13

တစ်ပုဒ်လုံးကြိုက်တယ်။
တကယ်ကြိုက်တယ်….ဟုတ်။
အရမ်းကောင်းတယ်။
အားပေးသွားတယ်။

commentinfo By: gadounlay at Feb 21, 2012
Comment #14

ဟုတ် … အခုလို အားပေးကြတဲ့အတွက် … တကယ်ကြီးကို ကျေးဇူးတင်ပါတယ်ရှင် … 🙂

commentinfo By: Nge Lay at Feb 21, 2012
Comment #15

လူတိုင်းက အရူး ပဲ။
အစ်မ အချစ်က မြင့်မြတ်ပါတယ်။

commentinfo By: Blueskymoe at Feb 22, 2012
Comment #16

မြင့်မြတ်တာမဟုတ်ဘူး … မြင့်မြတ်ချင်ယောင်ဆောင်နေတာပါ … 🙂

commentinfo By: Nge Lay at Feb 23, 2012
Comment #17

hin,,,
hote lar?
han saung tar kaung bu naw,,

commentinfo By: ei lay at Feb 23, 2012
Comment #18

အရမ်း အရမ်း ကြိုက်မိပါတယ်ဗျာ

commentinfo By: Demon at Feb 23, 2012
Comment #19

ရင်ထဲက ခံစားချက်တွေ ….
ထပ်တူညီနေတဲ့ ကဗျာလေးပါ …..

commentinfo By: dreamgirl at Feb 24, 2012
Comment #20

ဟုတ်ပါရဲ့ … ငါလဲ နင်နဲ့မှပဲ အရူးမကို ဖြစ်တော့တာပဲကွယ် …
အရမ်းကောင်းပါတယ်ရှင်။ အားပေးသွားတယ်နော်။

commentinfo By: greenlady at Feb 24, 2012
Comment #21

အားပေးကြတဲ့ အကိုတွေ အမတွေ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် …

commentinfo By: Nge Lay at Feb 24, 2012
Comment #22

ထပ်ပြုံးပြပါဦး …
အဲ့ဒိအပြုံးမျိုး .. နင်ကလွဲ ဘယ်သူမှ မပြုံးတတ်ဘူး …
ဘေးကျပ်နံကျပ် ..
တခါတလေ အသက်ရှုပါရပ်တယ် …

အားပေးသွားတယ်……ဘိုင်သဝေး….စိတ်ရှုပ်နေပုံပဲ..ကဗျာရေးနေတုန်းက
ပျော်သလိုလို စိတ်ညစ်သလိုလို ခံစားရတယ်…ကဗျာဖတ်တာ

commentinfo By: TharThar at Mar 22, 2012
Comment #23

တဖက်သက်အချစ်ကိုပုံဖော်ထားတာကောင်းတယ်ညီမခ့စားချက်တွေများတယ်နော်

commentinfo By: yezawhtet at Apr 4, 2012
Comment #24

နင်နဲ့အတူရှိနေတဲ့
စက္ကန့်များစွာ … နာရီအနည်းငယ်အတွင်း …
နင့် ပခုံးပေါ်ခေါင်းမှီ … နင့်စကားတွေ နားထောင်ရင်း
ငါ့ဝိဥာဉ် က အသစ်ပြန်ဖြစ်ရဲ့ …

commentinfo By: meso at Dec 22, 2012
Comment #25

!__!
!_!
!_!

commentinfo By: ei lay at Dec 22, 2012
Comment #26

ကောင်းပါ၏

commentinfo By: linko at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment