Professional Authors

ကောင်းသလိုသာ ခေါင်းစဉ်တပ်ကြတော့…..

လူ့ဘ၀ကြီးက..
မျက်လှည့်ဆန်တယ်ဆိုတာ..
မင်း..ယုံလား….

ကံတရားရဲ့လှည့်ကွက်တစ်ချို့ကို
ငေးငိုင်ရင်း….
ဘာမှန်းမသိလိုက်ချိန်မှာမှ
ရောက်လာခဲ့တာ…
မင်း…သိပ်နောက်ကျတယ်…

သိမ်းထားလိုက်စမ်း…
မင်း..မျက်ရည်တွေ…
နှလုံးသားရှိတဲ့လူတစ်ယောက်အဖို့
အဲဒီလက်နက်က..
သိပ်ပြင်းထန်တာမို့…
ငါ့ရှေ့မှာမငိုပါနဲ့……..

မင်းမျှော်လင့်ချက်တွေကိုငါသိတယ်…
မင်း တောင့်တတာကိုငါသိတယ်…
လွဲမှားမှုတွေကြားမှာ
အဖြေမရှာချင်တော့လို့…
ဒီဇာတ်လမ်းတစ်ခန်းရပ်…
အဖြူထည်ဆိုတဲ့ဘ၀ကိုပဲ
တို့တွေခေါက်သိမ်းထားကြစို့လေ…..

မာယာများတဲ့ ကံတရားရဲ့
ကျီစယ်မှုကြောင့်….
အရောက်နောက်ကျခဲ့တဲ့မင်း….
ဖြူစင်နေတဲ့မင်းရဲ့ဘ၀ကို
လက်ခံနိုင်ဖို့..
ငါ့အတွက်သိပ်ခက်တယ်….

ဘာပဲဖြစ်နေနေလေ…
ရိုးသားတဲ့နှလုံးသားနဲ့
ငါ..မင်းအချစ်ကိုမျက်ကွယ်ပြုပါရစေ…
နောက်တစ်ခါ
ငါ့ရှေ့မှာ….
မငိုပါနဲ့ကလေးရယ်………….

P.S. ကဗျာရေးမယ်လို့မရည်ရွယ်ဘဲ ရင်ထဲမှာရှိတဲ့အကြောင်း
ဖွင့်အန် ချက်သက်သက်ချည်းပဲမို့ စာဖတ်သူတို့
ကောင်းသလိုသာ ခေါင်းစဉ်တပ်ကြပါ…………..

In: ကဗျာ Posted By: Date: Feb 18, 2012
Comment #1

လူ့ဘ၀ကြီးက..
မျက်လှည့်ဆန်တယ်ဆိုတာ..
မင်း..ယုံလား…

commentinfo By: kantkawmg at Feb 18, 2012
Comment #2

sone phyat chin ta lo tar sone phyat par dot,,
a chit ko tane chin le tane htar like dot,,
myat kwe pyu chin le pyu naing par de,,
let khan naing phoe khe yin nay de so yin le lat ma khan par ne,,
yoe tar de so tar ko dot kha na kha na ma tone say chin par,,

commentinfo By: ei lay at Feb 18, 2012
Comment #3

သိမ်းထားလိုက်စမ်း…
မင်း..မျက်ရည်တွေ…
နှလုံးသားရှိတဲ့လူတစ်ယောက်အဖို့
အဲဒီလက်နက်က..
သိပ်ပြင်းထန်တာမို့…
ငါ့ရှေ့မှာမငိုပါနဲ့…….နှစ်သက်စွာအားပေးသွားပါတယ်မောင်လေး

commentinfo By: အသဲကွဲမိုး at Feb 18, 2012
Comment #4

မငိုပါနဲ့ ကလေးရယ် ကိုယ်လေ အမြဲအားပေးနေမယ် ~~ အဲ့သီချင်းလေးတောင်သတိရသွားတယ်ဗျာ ဒီကဗျာလေးဖတ်လိုက်တာ
ကဗျာကောင်းတစ်ပုဒ်ဘဲဗျ
အဖြူထည်နှလုံးသားနဲ့ အချစ်တံတိုင်းကိုကျော်မယ်ဆိုတဲ့အဓိပ္ပါယ်ပေါ့ ကောင်းပါတယ်ဗျ ကဗျာကိုတွေးထားတဲ့အတွေးအခေါ်လေး ။

commentinfo By: X - ray at Feb 19, 2012
Comment #5

သိမ်းထားလိုက်စမ်း…
မင်း..မျက်ရည်တွေ…
နှလုံးသားရှိတဲ့လူတစ်ယောက်အဖို့
အဲဒီလက်နက်က..
သိပ်ပြင်းထန်တာမို့…
ငါ့ရှေ့မှာမငိုပါနဲ့……
အဲဒီစာသားလေးကိုပိုကြိုက်တယ်ဗျ…

commentinfo By: poem.poem28 at Feb 19, 2012
Comment #6

ဘာပဲဖြစ်နေနေလေ…
ရိုးသားတဲ့နှလုံးသားနဲ့
ငါ..မင်းအချစ်ကိုမျက်ကွယ်ပြုပါရစေ…
နောက်တစ်ခါ
ငါ့ရှေ့မှာ….
မငိုပါနဲ့ကလေးရယ်………….

P.S. ကဗျာရေးမယ်လို့မရည်ရွယ်ဘဲ ရင်ထဲမှာရှိတဲ့အကြောင်း
ဖွင့်အန် ချက်သက်သက်ချည်းပဲမို့ စာဖတ်သူတို့
ကောင်းသလိုသာ ခေါင်းစဉ်တပ်ကြပါ…………..

commentinfo By: zawthetoo at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment