Professional Authors

ပန်းသီးဇာတ်လမ်း

အကြောင်းအရာတစ်ခုပါ

ပုံပြင်လေးတစ်ပုဒ်ပါ

ကောင်လေးတစ်ယောက်နဲ့

ကောင်မလေးတစ်ယောက်

မထင်မှတ်ပဲ ဧဒင်ဥယျဉ်တစ်ခုမှာ

တစ်ယောက်နဲ့တစ်ယောက်ခလုတ်တိုက်မိပြီးနောက်

ကိုယ်နှစ်ခြမ်းဖြစ်မှန်းမရည်ရွယ်ပဲသိရှိပြီးနောက်

အရာရာဟာနူးညံလာပါတယ်

အရာရာဟာသိမ်မွေ့လာပါတယ်

စကားနှစ်လုံးကသူတို့နှစ်ယောက်ကိုဦးဆောင်လာနိုင်တယ်

ပန်းသီးတစ်လုံးကသိမ်မွေ့စေပါတယ်

ဝိုင်တစ်ပုလင်းကမူးယစ်စေပါတယ်

သင်ယုံပါသလား နှစ်ယောက်တစ်အိပ်မက်ဆိုတာ

နှစ်လွှာပေါင်းတစ်ရွက်ဆိုတာ

အချစ်ဆိုတာက နှစ်ယောက်ပေါင်းမှ တစ်ဘ၀ပါ

ပန်းသည်ပျားကိုကြိုလင့်သကဲ့သို့

ပျားကပန်းကိုတပ်မက်သကဲ့သို့

ရိုးရှင်းသောဆက်သွယ်ပါတ်သတ်မှုများးး

နူးညံသောအိပ်မက်ဆန်တဲ့ကဗျာများက

ဝင်ရောက်လာသောအခါ

သူတို့ကိုသူတို့ကယ်တင်ရန် နောဧ သင်္ဘောတစ်စင်းကို

မျက်ရည်များဖြင့်တည်ဆောက်သောအခါ..

လှိုင်းတန်ပိုးများကကြမ်းတမ်းစွာတိုက်ခတ်လာသောအခါ..

သူတို့နှစ်ယောက်ရဲ့ယုံကြည်ချက်နှင့် လူငယ်မဆန်စွာလေးနက်မှုတို့က

ချစ်ခြင်းကိုမတုန်လှုပ်ခဲ့…..။

 

မောင်မြတ်သူ

In: ကဗျာ Posted By: Date: Feb 18, 2012
Comment #1

ဖတ်ရင်းနဲ့ကိုယ်ပါဒေင်ဥယျာဉ်ထဲရောက်ဖူးသွားပါတယ်……..
ကျေးကျေးတော်…….

commentinfo By: May Kha at Feb 18, 2012
Comment #2

mike de kwar,,
hote de naw,may kha,
ei lay doe yoke shin kyi ya tar htet po kaung de,,
lone wa ko myaw twar de,,
ha,,ha,,

commentinfo By: ei lay at Feb 18, 2012
Comment #3

ဟားဟား အဲ့လိုလေး မြင်ရတယ်ဆို ကျွန်တော်ရေးပျော်တာပေါ့ဗျာ ကျေးဇူးဗျ မမေခနဲ့ မအိလေး မောင်မြတ်သူ အားရှိတယ်ဗျာ တကယ်ပါ 😀

commentinfo By: myatthuraaung at Feb 18, 2012
Comment #4

အရေးအဖွဲ့ကောင်းတဲ့ကဗျာတစ်ပုဒ်လို့မြင်တယ်ဗျ
အဆိုတော်ထွန်းအိနြာဗိုလ်သီချင်းတောင်ပါသွားသေးတယ်နော် တယ်လည်းတွေးတတ်တယ်ဗျာ
ပန်းသီးကိုတော့လုံးဝမကြိုက်ဘူးခင်ဗျ ဒါပေမယ့်ဒီကဗျာလေးကိုအားပေးသွားတယ်။

commentinfo By: X - ray at Feb 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment