Professional Authors

နင်အတ္တအရမ်းကြီးတယ်

တို့နှစ်ယောက်ဆက်ချစ်ဖို့
မဖြစ်သင့်တာ မဟုတ်ပါဘူး
မဖြစ်ချင်တော့တာပါလို့ပဲ
ရိုးရိုးရှင်းရှင်း နင်ပြောလိုက်ပါ…..

တကယ်ချစ်ခဲ့ဖူးပါတယ်လို့ နင်ထပ်မပြောနဲ့
နင်ချစ်နေ၇က်နဲ့ လမ်းခွဲခဲ့တာ ဟုတ်လို့လား
အယူအဆမတူလို့ လမ်းခွဲခဲ့တာ ဟုတ်လို့လား
ဘေးစကားတွေကြောင့် သွေးကွဲတာ ဟုတ်လို့လား
နင်လမ်းခွဲချင်လို့ လမ်းခွဲပြီမှ
မရေရာ မသေချာမှုကို ခေါင်းစဉ်တပ်
ဖော်ကောင်ရှာနေတာ ဘာအတွက်လဲ

နင့်တွက်နည်းကွဲသွားပေမယ့်
နောက်ဆုံးထွက်တဲ့ အဖြေကတော့
ဖွင့်နေကျ ဓါတ်ပြားဟောင်းကြီးပါပဲ

အများစုထင်ကြေးက
နင်အရမ်းချစ်လို့ နောက်ဆုံးမှာ တွေဝေနေတယ်တဲ့
ငါ့အမြင်မှာတော့
နင်အတ္တအရမ်းကြီးတယ်……

In: ကဗျာ Posted By: Date: Feb 18, 2012
Comment #1

သြော်…အဲလိုလည်း..ဖြစ်တတ်ပါလား..
ခံစားဖတ်ရှုသွားပါတယ်ဗျာ…

commentinfo By: poem.poem28 at Feb 18, 2012
Comment #2

hman like lay chin,,
kwat ti pe,,
he,,he,,
kyike de,,

commentinfo By: ei lay at Feb 18, 2012
Comment #3

အားပေးသွားပါတယ်နော်.

commentinfo By: May Kha at Feb 18, 2012
Comment #4

နင့်တွက်နည်းကွဲသွားပေမယ့်
နောက်ဆုံးထွက်တဲ့ အဖြေကတော့
ဖွင့်နေကျ ဓါတ်ပြားဟောင်းကြီးပါပဲ

commentinfo By: kantkawmg at Feb 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment