Professional Authors

*နင်တစ်ယောက်သာ*

ပုံပြင်မဟုတ်ဘူး…
အမှန်တကယ် အထီးကျန်ခြင်းတွေ
မယုံနိုင်အောင်လူးလွန့်နေလို့
အခါခါခေါင်းရမ်း..
နာကျင်စွာ တိုးတိုးညဉ်းမိတယ်
စွန့်ခဲ့တာ ကြာခဲ့တယ်…..

မေ့လိုက်ပါတယ်…
စဉ်းစားတိုင်း တစ်ခါ အသစ်ပြန်ဖြစ်လို့
မေ့ပစ်တိုင်း ငါ ငိုရတယ်…

သူ့အကြောင်းတွေ ၀ိုးတ၀ါး
မမျှော်လင့်ရဲ မျှော်လင့်မိတယ်.
မြိုသိပ် ခံစားလို့ ယိုင်နှဲ နှလုံးသား
ကျောက်ဆောင်လို့ နင်ထင် သလား

အရှုံးတွေနဲ့ အောင်ပွဲခံ
အကြိမ်ကြိမ် လဲကွဲခဲ့လည်း
မငြိုငြင်ဘူး ငါ့ စိတ်ထဲ
နင့်ကိုလွမ်းဆဲ….

တိတ်တခိုး ကျိတ်ပိုး ချစ်မို့
ခေါင်းမော့တိုင်း အဆွေးရိပ်တွေ
မျက်ဝန်းတစ်ဝှေ့ ဖြတ်သန်းခဲ့တာ
စည်းတစ်ဖက်ခြားပြီ…

ခံစားချက်တွေ စုလာတဲ့ ငါ့နှလုံးသား
နင်ရှိရာမျှော်မိခဲ့တောင်
ကိုယ့်ကိုကိုယ်ပြန်ကြည့်
ငါ ဘာ မှန်းမသိ…

အသွင်မတူပါဘူး….
အစဉ်တူတောင် အားငယ်ရတယ်
နင်ပုံဖော်တဲ့လူ ငါမတူဘဲ…

အနာတရာ အခါခါ ရလဲ
နေညိုရင်လွမ်းဆဲ
တမ်းတတိုင်းအရမ်းပဲ
အကြိမ်ကြိမ်ငါ အလဲကွဲ
နင်သာ ငါ့အသည်း……………….

In: ကဗျာ Posted By: Date: Feb 18, 2012
Comment #1

နင်တစ်ယောက်သာ…တဲ့..အဲဒီနင်တစ်ယောက် သိပါစေဗျာ…

commentinfo By: poem.poem28 at Feb 18, 2012
Comment #2

a nar 1 yar a khar khar ya le
tan ta tine a yan be
a kyane a kyane ngar a le kwe
nin tar ngar a te,,,

commentinfo By: ei lay at Feb 18, 2012
Comment #3

အနာတရာ အခါခါ ရလဲ
နေညိုရင်လွမ်းဆဲ
တမ်းတတိုင်းအရမ်းပဲ
အကြိမ်ကြိမ်ငါ အလဲကွဲ
နင်သာ ငါ့အသည်း……………….

commentinfo By: Village chat kyi at Feb 18, 2012
Comment #4

အသွင်မတူပါဘူး….
အစဉ်တူတောင် အားငယ်ရတယ်
နင်ပုံဖော်တဲ့လူ ငါမတူဘဲ…

အနာတရာ အခါခါ ရလဲ
နေညိုရင်လွမ်းဆဲ
တမ်းတတိုင်းအရမ်းပဲ
အကြိမ်ကြိမ်ငါ အလဲကွဲ

commentinfo By: May Kha at Feb 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment