Professional Authors

တမ်းတရင်းနဲ့..(genius)

တမ်းတရင်းနဲ့
ငါ့ရင်တွေ…
မောပန်းလှပြီချစ်သူ။

တစ်ခါတစ်လေ
မင်း လိမ်ညာတာပဲ
မက်မော…
လွန်ခဲ့တဲ့
အချိန်တစ်ခုကိုပဲ
နောက်ပြန်ဆုတ်
တပ်ခေါက်ပြီး
(ငါ)
သွားချင်ပါရဲ့ကွာ..။

ဒါပေမယ့်.
ရုန်းထွက်ရင်း
ငါ့ရင်တွေ
အက်ကွဲနေပြီမို့
လွန်ခဲ့တဲ့
သုံးနှစ်ကလို
ညာပေးပါဦးလား ချစ်သူ။

In: ကဗျာ Posted By: Date: Feb 17, 2012
Comment #1

……စွဲလမ်းတမ်းတမှု…….
အားပေးခံစားသွားပါတယ်….ကိုကြီးရဲလေး ခင်ညာ

commentinfo By: အသဲကွဲမိုး at Feb 17, 2012
Comment #2

ညီရေ
အရမ်းကိုထိတယ်ကွာ…………
ညီ့ရဲ့ကဗျာတွေကို ဆက်လက်အားပေးနေမယ့်
(အကို-ရွှေကြယ်မိုး)

commentinfo By: yaewintaung at Feb 17, 2012
Comment #3

တမ်းတရင်းနဲ့
ငါ့ရင်တွေ…
မောပန်းလှပြီချစ်သူ။

အဖွင့်လေးကို သဘောကျတယ်

commentinfo By: kantkawmg at Feb 17, 2012
Comment #4

အရမ်းကောင်းတယ် …….တော်တော်ကောင်းတယ်..လို.၀န်ခံပါတယ်ဗျာ………

commentinfo By: nyanlinhtet at Feb 17, 2012
Comment #5

တစ်မျိုးလေးပဲဗျာ……
အောက်ဆုံးစာကြောင်းလေးက

commentinfo By: moehtetaung18 at Feb 17, 2012
Comment #6

သူ့ဘက်က တကယ်မချစ်ရင်ခင်ဗျားဘဲအထိနာမယ် ကိုgeniusရေ ဒါကြောင့်ညာချစ်ဖို့မတောင်းဆိုနဲ့ဗျ
်ဆရာကြီးလုပ်တယ်မထင်ပါနဲ့ဗျာ ကျွန်တော်က ကျွန်တော့အမြင်လေးကိုပြောပြရုံသက်သက်ပါ
ကဗျာအရေးအသား အတွေးအခေါ်ကတော့လန်းမြဲလန်းဆဲဘဲဗျ
ကြိုးစားထား ကိုgeniusရေ
အရေးအဖွဲ့တွေကို အားပေးနေပါတယ် ။

commentinfo By: X - ray at Feb 18, 2012
Comment #7

ခံစားအားပေးကြတဲ့.ကဗျာချစ်ညီအစ်ကိုမောင်နှမများအားလုံး
ကျေးဇူးတင်ပါတယ်ဗျာ…ဆက်လက်ကြိုးစားနေပါ့မယ်….

commentinfo By: poem.poem28 at Feb 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment