Professional Authors

အသေများနဲ့ ဖာထေးခြင်း

အခေါင်းထဲက အိပ်မက်နဲ့

ဒီ ရာသီ အသေထဲမှာ

သတိရခြင်းပန်းတွေနဲ့ မြေကျဖို့

နတ်ဆိုးက နမိတ်ဖတ်တယ်   ။

 

အပျော်တွေကို လိုက်သတ်နေ ကံကြမ္မာရေ…

အောင်သေအောင်သား ငါ့ စိတ်ကို ဖဲ့ယူစား

ဘယ်အခါများ ရပ်မှာလဲ…လို့

ရင်ဘတ်ဆောင့်ဆွဲ မေး…လိုက်ချင်တယ်   ။

 

တောင့်အေးတင်းစက်တဲ့ လက်ရှိသင်္ချိုင်း

အရှုံးတွေ ယက်ထုတ်

အချစ်ဟာ နာကျင်ဖို့ ဖြစ်ခဲ့တယ်   ။

 

စို ရုံလေး စိုစွတ်ထားသွား မိုးပြေးမရေ…

အဲ့ဒီ အလွမ်းမှာ

နှလုံးသားကို ကြေကွဲခြင်းတွေ ဖို့ပစ်တော့

သက္ကရာဇ်တစ်ခုရဲ့ တီးတိုးရှိုက်ငိုသံထဲ

ဘ၀စက်လက်ကို

အမှောင်ထူထူနဲ့ သုတ်ပစ်ခဲ့

လောင်းထည့်ကာ မေ့ဖျောက်

ခဏခဏ သောက်ပစ်ရတယ်…(တစ်ခြားသွားရွှာနေသတဲ့)

 

မောပန်းမှု နဲ့ လက်အစုံ

ကြောက်စရာဓားတစ်ချောင်း ’13’ ကို တင်းကြပ်ကိုင်ဆုပ်

ဒီ နေ့ရက်မြေပေါ် ဒူးထောက်စိုက်ချ

တိုက်ခတ်လာသမျှ အနာဂတ်ရိုင်း

ရင်ဖွင့် ကြိုဆိုပစ်လိုက်တယ်   ။   ။

 

 

                                                   စုန်းပြူး

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

အပျော်တွေကို လိုက်သတ်နေ ကံကြမ္မာရေ…
အောင်သေအောင်သား ငါ့ စိတ်ကို ဖဲ့ယူစား
ဘယ်အခါများ ရပ်မှာလဲ…လို့
ရင်ဘတ်ဆောင့်ဆွဲ မေး…လိုက်ချင်တယ်

commentinfo By: kantkawmg at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment