Professional Authors

မုန်းလိုက် မေ့လိုက် ထွက်သွားလိုက်

မုန်းမယ်ဆို မုန်းပစ်လိုက်
ပြန်လှည့်မကြည့်နေနဲ့
နင့်ရဲ့ အကြည့်မျက်ဝန်း
ခါးသက်မှုတွေ ရစေတယ်…….

မေ့မယ်ဆို မေ့ပစ်လိုက်
အမှတ်တရတွေ ထပ်မပေးနဲ့
နင်ချန်တဲ့ အမှတ်တရတွေထဲ
သတိရခြင်းတွေ ဖြစ်စေတယ်…..

အသစ်တွေ့ရင် နင်တွဲလိုက်
ငါနဲ့တော့ မခိုင်းနှိုင်းနဲ့
သူနင့်ကို အရမ်းချစ်တာ
ငါဝမ်းသာပေးရမှာလား
ငါဝမ်းနည်းပေးရမှာလား
ဒဏ်ရာတွေပဲ ရစေတယ်……

အဝေးသွားရင် ထွက်သွားလိုက်
တဆင့်စကားနဲ့ မကြင်နာနဲ့
ခဏတာဟန်ဆောင်မှုတွေပဲ
ဝမ်းနည်းစွာရစေတယ်……..

In: ကဗျာ Posted By: Date: Feb 15, 2012
Comment #1

e,,,,,,,,
sate g like dar,,linn ye,,
shot par ong.
a mye tan maung htoke nay dot tar pe naw,,
he,,he,,

commentinfo By: ei lay at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment